သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အမျိုးသားလုံခြုံရေးအကြံပေး အစ္စရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေး


အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan
အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan

အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ဟာ အစ္စရေးရောက်ရှိနေပြီး အစ္စရေးဝန်ကြီးချုပ်နဲ့ အစ္စရေးအစိုးရအဖွဲ့ဝင်တွေကို တွေ့ဆုံပါတယ်။

ဂါဇာကမ်းမြောင်မှာရှိတဲ့ ဟာမတ်စစ်သွေးကြွတွေကို နှိမ်နင်းဖို့ အစ္စရေးတပ်အနေနဲ့ လအတန်ကြာအချိန်ယူရလိမ့်မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူကို ပြောခဲ့ပါတယ်။ ဟာမတ်တို့ဟာ ဆယ်စုနှစ်တခုကျော်အချိန်ယူပြီး ဂါဇာမှာ သူတို့အဆောက်အအုံတွေ အခိုင်အမာတည်ဆောက်ထားတဲ့အတွက် သူတို့ရဲ့အခြေခံစခန်းတွေကို ဖျက်ဆီးဖို့ လအတန်အကြာ အချိန်ယူရမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောတာပါ။ အစ္စရေးကာကွယ်ရေးဝန်ကြီး ပြောဆိုချက်အပေါ်မှာ အမေရိကန်ဘက်က တုံ့ပြန်ချက် မသိရသေးပါဘူး။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ခရီးစဉ်မတိုင်ခင်မှာပဲ ကြာသပတေးနေ့က ဂါဇာမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်ခဲ့ပါတယ်။ ပါလက်စတိုင်းအရပ်သားတွေ သေကြေမှုတိုးလာတာ လျှော့ချနိုင်ဖို့အတွက် အစ္စရေးစစ်ဆင်ရေးတွေ ပိုပြီး အသေးစိတ်တိကျမှုရှိစေဖို့ကို Mr.Sullivan အနေနဲ့ နှစ်ရက်ကြာဆွေးနွေးသွားမယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရသူ John Kirby က သတင်းထောက်တွေကို ပြောပါတယ်။

သူ့ခရီးစဉ်အတွင်း ဂါဇာဒေသကို လူသားချင်းစာနာမှုအကူအညီတွေ ခွင့်ပြုပေးဖို့လည်း အစ္စရေးနဲ့ ဆွေးနွေးဖို့ရှိပါတယ်။ Mr.Sullivan ဟာ အစ္စရေးမရောက်ခင် ဆော်ဒီအာရေဗီးယားနိုင်ငံမှာ ခရီးတထောက်နားပြီး ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ အစ္စရေး ပါလက်စတိုင်း ခိုင်ခံ့တဲ့ငြိမ်းချမ်းရေးအတွက် အခြေအနေကောင်းတွေဖန်တီးဖို့နဲ့ ဂါဇာဒေသကို လူသားချင်းစာနာမှုအကူအညီတွေ တိုးပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ကန်အမျိုးသားလုံခြုံရေးအကြံပေး အစ္စရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေး
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG