သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးက ပါလက်စတိုင်းအရပ်သားတွေ မကာကွယ်နိုင်ခဲ့ဟု ကန်ဝေဖန်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

ဂါဇာကမ်းမြောင်ကနေ ထွက်ပြေးဖို့ကြိုးစားနေကြတဲ့ ပါလက်စတိုင်းအရပ်သားတွေကို တတ်နိုင်သမျှအကာအကွယ်ပေးသွားမယ်ဆိုတဲ့ပြောဆိုချက်အတိုင်း အစ္စရေးဘက်က မဆောင်ရွက်နိုင်ခဲ့ဘူးလို့ အမေရိကန်က တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။

ဂါဇာတလွှားမှာတော့ တိုက်ပွဲတွေ အကြီးအကျယ်ဆက်လက် ဖြစ်ပွါး‌နေပြီး ဂါဇာလူဦးရေ ၂.၃ သန်း ရဲ့ ၉၀ ရာခိုင်နှုန်းဟာ အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ “အရပ်သားတွေကို အကာအကွယ်ပေးဖို့ အလွန့်ကို အရေးကြီးလှပါတယ်လို့ စီအင်န်အင်န် ရုပ်မြင်သံကြားက တနင်္ဂနွေနေ့မနက်လွှင့်ထုတ်တဲ့ အစီအစဥ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။

“အခု ကျနော်တို့ မတွေ့ရတာတွေကတော့ လူ့သားချင်းစာနာထောက်ထားမှု အကူအညီပေးပို့နိုင်တဲ့ ပဋိပက္ခမဲ့ ခဏတာအချိန်တွေ ဖြစ်ပါတယ်” လို့ သူ က ဆိုပါတယ်။ အစ္စရေးရဲ့ရည်ရွယ်တာနဲ့ လက်တွေ့အကျိုးဆက်က အကွာဟကြီး ကွာဟနေပါတယ်လို့လည်း သူက အေဘီစီ ရုပ်မြင်သံကြားကို ပြောပါတယ်။ ပါလက်စတိုင်းတွေရဲ့ လိုလားမျှော်မှန်းချက်တွေ မရရှိသမျှ အစ္စရေးအတွက်လည်း တာရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး မရှိနိုင်ပါဘူးလို့ ဘလင်ကန်က ဆိုပါတယ်။ ခုအချိန်အထိ အစ္စရေး ဟာမတ်စ် ပဋိပက္ခမှာ သေဆုံးသူ ၁၇,၀၀၀ ကျော်သွားပြီလို့ ဟာမတ်စ်အဖွဲ့ ရဲ့ ကျန်းမာရေးဌာနက ဆိုပါတယ်။

အစ္စရေးက ပါလက်စတိုင်းအရပ်သားတွေ မကာကွယ်နိုင်ခဲ့ဟု ကန်ဝေဖန်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG