သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ သေဆုံးသူ ၁၈,၀၀၀ နီးပါးရှိကြောင်း ဟာမတ်စ်ကျန်းမာရေးဌာန ကြေညာ


Smoke rises after an Israeli airstrike, amid the ongoing conflict between Israel and Palestinian Islamist group Hamas, in Khan Younis, southern Gaza Strip, December 9, 2023.
Smoke rises after an Israeli airstrike, amid the ongoing conflict between Israel and Palestinian Islamist group Hamas, in Khan Younis, southern Gaza Strip, December 9, 2023.

ဂါဇာဒေသမှာ အစ္စရေးရဲ့ အပြင်းအထန် တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးအများစု အပါအဝင် သေဆုံးသူ ၁၈,၀၀၀ နီးပါး ရှိနေပြီလို့ ဟာမတ်စ်အဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ နေ့စဉ် ဂါဇာဒေသက လူ ၁၀ ယောက်မှာ ၉ ယောက်လောက်ဟာ စားစရာ မရှိကြဘူးလို့လည်း ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) ဒုတိယညွှန်ကြားရေးမှူး Carl Skau ကပြောပါတယ်။

အစ္စရေးစစ်တပ်ကတော့ စစ်ဆင်ရေးတွေ ဆက်လုပ်ရမယ်လို့ ပြောဆိုထားတာပါ။ ဂါဇာဒေသတောင်ပိုင်းက Khan Younis မြို့မှာ စနေနေ့ကနေ ဒီကနေ့ တနင်္ဂနွေနေ့အထိ တိုက်ပွဲတွေလည်း အပြင်းအထန် ဖြစ်ပွားနေပါတယ်။

ဂါဇာမြောက်ပိုင်း တိုက်ပွဲတွေကနေ ပါလက်စတိုင်း ဒေသခံတွေ တိမ်းရှောင်ကြဖို့ ပြောထားပေမဲ့ အခုအခါ တောင်ပိုင်းဒေသမှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အစ္စရေးတပ်ဖွဲ့တွေက ဟာမတ်စ် စစ်သွေးကြွ ၇ ထောင်ထက်မနည်းကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေး အမျိုးသားလုံခြုံရေးအကြံပေး အရာရှိ Tzachi Hanegbi က ပြောဆိုထားပေမဲ့ အချက်အလက်တွေကို ဘယ်လိုရရှိတယ်ဆိုတာတော့ မပြောပါဘူး။

ဂါဇာဒေသ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ အမှုဆောင်အရာရှိ ဘုတ်အဖွဲ့ ဒီကနေ့ အစည်းအဝေး ကျင်းပဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG