သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်က ကန် သံရုံး ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခံရ


အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး (ယခင်မှတ်တမ်းဓာတ်ပုံ)
အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး (ယခင်မှတ်တမ်းဓာတ်ပုံ)

အီရတ်မှာရှိတဲ့ အမေရိကန်သံရုံး ဒီကနေ့ မနက်အစောပိုင်းက Rocket ဒုံးတွေနဲ့ အပစ်ခံခဲ့ရတယ်လို့ အမေရိကန်နဲ့ အီရတ်အရာရှိတွေက ပြောပါတယ်။ လုံခြုံရေးတွေ ထူထပ်စွာချထားတဲ့ Green Zone အတွင်းမှာရှိတဲ့ အမေရိကန်သံရုံးကို ပစ်ခတ်တဲ့ ဒီ ဒုံးကျည်တွေတချို့ သံရုံးဂိတ်ဝအနီးကို ကျသွားတာရှိသလို၊ တချို့လည်း အနီးနားက ရေမြောင်းထဲကို ကျသွားပြီး လူတွေ ထိခိုက် ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။

ဘဂ္ဂဒက်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကို အခုလို ပစ်ခတ်မှုအပေါ် ဘယ်အဖွဲ့ကမှ သူတို့လုပ်တယ်ဆိုတာ ထုတ်မပြောသေးပေမဲ့ အီရန် မိတ်ဖက် စစ်သွေးကြွတွေလက်ချက်ဖြစ်နိုင်တယ်လို့ အမေရိကန် သံရုံးပြောခွင့်ရက ပြောပါတယ်။ ကနဦး စုံစမ်း သိရှိချက်တွေအရ အီရန်မိတ်ဖက် စစ်သွေးကြွတွေလက်ချက် ဖြစ်နိုင်ကြောင်း၊ အီရတ်အနေနဲ့ သံတမန်နဲ့ မဟာမိတ်တပ်တွေ လုံခြုံရေးအတွက် အကာအကွယ်ပေးဖို့ ထပ်တောင်းဆိုကြောင်း အမေရိကန်သံရုံး ပြောခွင့်ရက ပြောပါတယ်။

အမေရိကန် သံရုံးထုတ်ပြန်ချက်ထဲမှာလည်း သံရုံးဝန်းကို ဒီနက် ၄ နာရီ ၁၅ မီးနစ်မှာ ဒုံးကျည် ၂ လုံး ကျလာခဲ့တယ်လို့ ဖော်ပြထားပြီး၊ အမေရိကန်နဲ့ အီရတ်အရာရှိတွေကလည်း ရုပ်ဝတ္တုပစ္စည်း အနည်းငယ် ထိခိုက်ခဲ့ပေမဲ့၊ လူ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ပြောထားပါတယ်။

အောက်တိုဘာ ၇ ရက်မှာ အစ္စရေး-ဟာမတ်စ် စစ်စဖြစ်ပြီး၊ အောက်တိုဘာလလယ်ကစလို့ အီရန်ထောက်ခံတဲ့ စစ်သွေးကြွအဖွဲ့တွေက ဒါဇင်တွေနဲ့ ချီတဲ့ ဒုံးကျည်တွေကို အီရတ်နဲ့ ဆီရီးယားက အမေရိကန်နဲ့ မဟာမိတ် ပစ်မှတ်တွေကို တိုက်ခိုက်လာခဲ့ပေမဲ့၊ ဒီနေ့ကတော့ ဘဂ္ဂဒက်မှာ အထူးလုံခြုံရေးချထားတဲ့ အစိမ်းရောင်နယ်မြေထဲက အမေရိကန် သံရုံးကို ပစ်ခတ်လာတာပါ။ အမည်ထုတ်ပြောခွင့်မရှိတဲ့ အီရတ်အရာတစ်ဦးလည်း အမေရိကန်သံရုံးကို ပစ်မှတ်ထားတဲ့ Katyusha ဒုံးကျည် ၃ ခုလည်း ဒီ လုံခြုံရေးထူထပ်တဲ့ အစိမ်းရောင်နယ်မြေနားကပ်ပြီး Tegris မြစ်နားကို ကျခဲ့တယ်လို့ ပြောခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG