သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်နိုင်ငံ မင်္ဂလာပွဲ မီးလောင်မှု အနည်းဆုံး လူ ၁၀၀ သေ


အီရတ်နိုင်ငံ မင်္ဂလာပွဲ မီးလောင်မှု အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့ (စက်တင်ဘာ ၂၆၊ ၂၀၂၃)
အီရတ်နိုင်ငံ မင်္ဂလာပွဲ မီးလောင်မှု အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့ (စက်တင်ဘာ ၂၆၊ ၂၀၂၃)

အီရတ်နိုင်ငံ မြောက်ပိုင်း Nineveh ပြည်နယ်မှာ ခရစ်ယာန်ဘာသာအရကျင်းပတဲ့ မင်္ဂလာပွဲခန်းမမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၀၀ လောက်သေဆုံးပြီး ၁၅၀ လောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ Mosul မြို့အနီး ခရစ်ယာန်အများစုနေထိုင်ရာ Hamdaniya ဒေသမှာ အင်္ဂါနေ့က မီးလောင်မှု ဖြစ်ခဲ့တာပါ။

ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရတဲ့ မီးလောင်တဲ့ မြင်ကွင်းမှာတော့ မင်္ဂလာခန်းမဆောင်ထဲ မီးတောက် မီးလျှံတွေ မြင်တွေ့ခဲ့ရပါတယ်။ မီးလောင်မှုအပြီးမှာ လောင်ကျွမ်းထားတဲ့ သတ္တုနဲ့ အပျက်အစီးတွေကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။ မီးလောင်မှုအတွင်း အသက်မသေ ကျန်ရစ်သူတွေကိုတော့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ခံယူဖို့ ဆေးရုံတွေဆီ ပို့ဆောင်ခဲ့ကြပါတယ်။

မီးလောင်တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေမဲ့ ကနဦး စုံစမ်း သိရှိမှုတွေအရ မီးရှူး မီးပန်းတွေကြောင့် မီးလောင်မှု ဖြစ်နိုင်တယ်လို့ ယူဆထားကြောင်း Kurd ရုပ်သံ သတင်းမီဒီယာဖြစ်တဲ့ Rudaw က ဖော်ပြခဲ့တာပါ။မီးလောင်ကျွမ်းမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့နဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ အီရတ်ဝန်ကြီးချုပ် Mohammed Shia al-Sudani က ညွှန်ကြားထားပါတယ်။

အီရတ်နိုင်ငံ မင်္ဂလာပွဲ မီးလောင်မှု အနည်းဆုံး လူ ၁၀၀ သေ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG