သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရတ္ႏိုင္ငံေရးၿပိဳင္ဖက္ေတြၾကား အဓိက႐ုဏ္းျဖစ္ပြား၊ အနည္းဆုံး ၅ ဦးေသ


(Zawgyi / Unicode)

အီရတ္ႏိုင္ငံမွာ ၾသဇာႀကီးမားတဲ့ ရွီယာ မြတ္ဆလင္ ဘာသာေရးေခါင္းေဆာင္ Muqtada al-Sadr ဟာ ႏိုင္ငံေရးကေန ႏုတ္ထြက္ေတာ့မယ္လို႔ ေၾကညာခဲ့ၿပီးေနာက္ Baghdad ၿမိဳ႕ေတာ္မွာ တနလၤာေန႔က သူေနာက္လုိက္ေတြနဲ႔ ၿပိဳင္ဖက္အုပ္စုေတြအၾကားမွာ အဓိကရုဏ္းေတြ ျဖစ္ပြားခဲ့ၾကၿပီး ၅ ဦးေသဆုံးခဲ့ပါတယ္။

အဲဒီလိုျဖစ္စဥ္မွာ အနည္းဆုံး လူ ၁၉ ဦးလည္း ဒဏ္ရာေတြ ရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႔ နဲ႔ ေဆးဖက္ဆိုင္ရာ ဝန္ထမ္းေတြက ေျပာပါတယ္။ Baghdad ၿမိဳ႕ေတာ္က အစိုးရအေဆာက္အဦေတြ၊ ႏိုင္ငံတကာရုံးေတြ တည္ရွိၾကတဲ့ Green Zone အတြင္းမွာ al-Sadr ရဲ႕ ေနာက္လိုက္ေတြ ဝင္ေရာက္ၿပီး အစိုးရ နန္းေတာ္ကုိလည္း စီးနင္းဝင္ေရာက္ခဲ့ပါတယ္။ အဲဒီေနာက္ အီရန္လိုလားတဲ့ ၿပိဳင္ဖက္အဖြဲ႔ကို ေထာက္ခံၾကသူေတြနဲ႔ အဓိကရုဏ္း ျဖစ္ပြားခဲ့ၾကပါတယ္။

အီရတ္ႏိုင္ငံရဲ႕ စစ္ဖက္ဆိုင္ရာကေတာ့ ေန႔လည္ ၃ နာရီခြဲကေန အိမ္ျပင္မထြက္ရ Curfew အမိန္႔ကို တႏိုင္ငံလံုးကို ထုတ္ျပန္ထားၿပီး ဆန္႔က်င္ဆႏၵျပေနၾကသူေတြကို Green Zone အတြင္းကေန ထြက္ခြာေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ အေထြေထြ ေရြးေကာက္ပြဲမွာ al-Sadr ရဲ႕ ပါတီက အမတ္အမ်ားစု အႏိုင္ရရွိခဲ့ေပမယ့္ အစိုးရဖြဲ႔ႏိုင္တဲ့ တဝက္ေက်ာ္ အေရအတြက္အထိေတာ့ မရရွိခဲ့ပါဘူး။

ၿပိဳင္ဖက္ အီရန္က ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ရွီယာ မြတ္ဆလင္ပါတီေတြနဲ႔ ၫြန္႔ေပါင္းအစိုးရဖြဲ႔ဖို႔စည္းဖို႔ ျငင္းပယ္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ဇြန္လမွာပဲ သူ႔ပါတီက လႊတ္ေတာ္အမတ္ေတြ အားလုံးကို ပါလီမန္ကေန ရုပ္သိ္မ္းခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ ပါလီမန္ကို ဖ်က္သိမ္းကာ ေရြးေကာက္ပြဲအသစ္ကို အျမန္ဆုံး က်င္းပေပးဖို႔ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အီရတ်နိုင်ငံရေးပြိုင်ဖက်တွေကြား အဓိကရုဏ်းဖြစ်ပွား၊ အနည်းဆုံး ၅ ဦးသေ

အီရတ်နိုင်ငံမှာ သြဇာကြီးမားတဲ့ ရှီယာ မွတ်ဆလင် ဘာသာရေးခေါင်းဆောင် Muqtada al-Sadr ဟာ နိုင်ငံရေးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပြီးနောက် Baghdad မြို့တော်မှာ တနင်္လာနေ့က သူနောက်လိုက်တွေနဲ့ ပြိုင်ဖက်အုပ်စုတွေအကြားမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ကြပြီး ၅ ဦးသေဆုံးခဲ့ပါတယ်။

အဲဒီလိုဖြစ်စဉ်မှာ အနည်းဆုံး လူ ၁၉ ဦးလည်း ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ နဲ့ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေက ပြောပါတယ်။ Baghdad မြို့တော်က အစိုးရအဆောက်အဦတွေ၊ နိုင်ငံတကာရုံးတွေ တည်ရှိကြတဲ့ Green Zone အတွင်းမှာ al-Sadr ရဲ့ နောက်လိုက်တွေ ဝင်ရောက်ပြီး အစိုးရ နန်းတော်ကိုလည်း စီးနင်းဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက် အီရန်လိုလားတဲ့ ပြိုင်ဖက်အဖွဲ့ကို ထောက်ခံကြသူတွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ကြပါတယ်။

အီရတ်နိုင်ငံရဲ့ စစ်ဖက်ဆိုင်ရာကတော့ နေလည် ၃ နာရီခွဲကနေ အိမ်ပြင်မထွက်ရ Curfew အမိန့်ကို တနိုင်ငံလုံးကို ထုတ်ပြန်ထားပြီး ဆန့်ကျင်ဆန္ဒပြနေကြသူတွေကို Green Zone အတွင်းကနေ ထွက်ခွာပေးဖို့လည်း တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ အထွေထွေ ရွေးကောက်ပွဲမှာ al-Sadr ရဲ့ ပါတီက အမတ်အများစု အနိုင်ရရှိခဲ့ပေမယ့် အစိုးရဖွဲ့နိုင်တဲ့ တဝက်ကျော် အရေအတွက်အထိတော့ မရရှိခဲ့ပါဘူး။

ပြိုင်ဖက် အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ရှီယာ မွတ်ဆလင်ပါတီတွေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့စည်းဖို့ ငြင်းပယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇွန်လမှာပဲ သူ့ပါတီက လွှတ်တော်အမတ်တွေ အားလုံးကို ပါလီမန်ကနေ ရုပ်သိမ်းခဲ့ပါတယ်။ ဒီနောက်မှာတော့ ပါလီမန်ကို ဖျက်သိမ်းကာ ရွေးကောက်ပွဲအသစ်ကို အမြန်ဆုံး ကျင်းပပေးဖို့ တောင်းဆိုထားပါတယ်။

XS
SM
MD
LG