သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ပါလီမန် Shi’ite အုပ်စုဝင်စီး


အီရတ်နိုင်ငံက အစ္စလာမ် Shi’ite ဂိုဏ်းခေါင်းဆောင် Muqtada al-Sadr ကို ထောက်ခံသူတွေက လွှတ်တော်အဆောက်အဦးအတွင်း ဝင်ရောက်ခဲ့ စီးနင်းခဲ့ကြပါတယ်။ ဒါဟာ မြို့တော် ဘက်ဂဒတ်မှာရှိတဲ့ Green Zone လို့ခေါ်တဲ့ အစိုးရထိန်းချုပ်မှုအောက်က လုံခြုံရေးတွေ ထူထပ်စွာ ချထားတဲ့နေရာကို ဖြတ်ကျော်ပြီး ဝင်သွားခဲ့ကြတာ ဖြစ်ပါတယ်။

အီရတ်နိုင်ငံအတွင်း အကျင့်ပျက် ခြစားမှုတွေ ကြီးမားစွာ ဖြစ်ပေါ်စေတဲ့ နိုင်ငံရေး ခွဲတမ်းစနစ်ကို အစိုးရက ပြုပြင်ပြောင်းလဲခြင်း လုပ်ဆောင်ဖို့ ပျက်ကွက်နေတဲ့အပေါ် al-Sadr က ပြစ်တင် ရှုတ်ချလိုက်ပြီးတဲ့နောက်မှာ အခုလို လွှတ်တော်ထဲ ဝင်ရောက် စီးနင်းတဲ့အထိ ဖြစ်လာခဲ့တာပါ။ လွှတ်တော်အတွင်းမှာတော့ ဆန္ဒပြသူတွေက ကခုန်တာ၊ အီရတ်အလံကို ဝှေ့ယမ်းတာနဲ့ al-Sadr ကို ထောက်ခံတဲ့ ကြွေးကြော်သံတွေ အော်ဟစ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

al-Sadr ကို ထောက်ခံသူတွေဟာ မြို့တော် ဘက်ဂဒတ်မှာ သီတင်းပတ် အတန်ကြာကတည်းက ဆန္ဒပြနေခဲ့ကြတာဖြစ်ပြီး ဝန်ကြီးချုပ် Haider al-Abadi အနေနဲ့ လပေါင်းများစွာ ကြာလာပြီဖြစ်တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို လုပ်ဆောင်ဖို့အတွက် ဖိအားပေးနေကြတာပါ။

စနေနေ့က ပြုလုပ်တဲ့ လွှတ်တော်စည်းဝေးပွဲကနေ ဝန်ကြီးချုပ် Abadi အဆိုပြုထားတဲ့ ဝန်ကြီးအဖွဲ့ ပြောင်းလဲရေး အစီအစဉ်ကို မဲခွဲဆုံးဖြတ်ဖို့ လုံလောက်တဲ့ အချိုးအစား မပြည့်ခဲ့ပါဘူး။ လွှတ်တော်အမတ်တချို့က ကန့်ကွက်နေတဲ့ကြားကပဲ ဝန်ကြီး နေရာတချို့ကိုတော့ သီတင်းပတ် အစောပိုင်းတုန်းက အတည်ပြုပေးနိုင်ခဲ့ပါတယ်။

တိုင်းပြည်အတွင်း ဖြစ်ပေါ်နေတဲ့ အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်ဖို့အတွက် ပါတီစွဲ၊ လူမျိုးစွဲ၊ ဂိုဏ်းဂနစွဲတွေနဲ့ ခန့်အပ်ထားတဲ့ ဝန်ကြီးနေရာတွေမှာ ကျွမ်းကျင် ပညာရှင်တွေနဲ့ အစားထိုး ခန့်အပ်ဖို့အတွက် ဝန်ကြီးချုပ် Abadi ကို နိုင်ငံရေးပါတီတွေက တိုက်တွန်းနေကြတာပါ။

XS
SM
MD
LG