သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရတ္လႊတ္ေတာ္ထဲ ဆႏၵျပသူမ်ား စီးနင္းဝင္ေရာက္


IRAQ-POLITICS-PROTEST-PARLIAMENT

အီရတ္မွာေတာ့ ၾသဇာႀကီး Shiite ဘာသာေရးေခါင္းေဆာင္ကို ေထာက္ခံသူ ရာဂဏန္းေတြနဲ႔ခ်ီ လႊတ္ေတာ္ကို က်ဳးေက်ာ္ဆႏၵျပခဲ့ပါတယ္။ အီရန္ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ႏိုင္ငံေရးအုပ္စုေတြဘက္က ေနာက္အစိုးရဖြဲ႔ဖို႔ရွိတာကို ဆန႔္က်င္ၿပီး၊ Shiite ဘာသာေရးေခါင္းေဆာင္ Muqtada al-Sadr ကို ေထာက္ခံသူေတြက ဒီအပတ္ထဲ ဒုတိယအႀကိမ္အျဖစ္ ဒီေန႔ ဝင္ေရာက္ဆႏၵျပခဲ့တာပါ။

လုံၿခဳံေရးတပ္ေတြဘက္ကေတာ့ မ်က္ရည္ယိုဓာတ္ေငြ႔နဲ႔ အသံဗုံးေတြသုံးၿပီး အခုလို ဝင္ေရာက္ဆႏၵျပသူေတြကို ျပန္တြန္းထုတ္ဖို႔ ႀကိဳးပမ္းခဲ့ရာမွာ အမ်ားအျပားဒဏ္ရာေတြ ရခဲ့ၾကပါတယ္။ ဒါေပမဲ့ အဲ့ဒီအခ်ိန္ လြတ္ေတာ္ထဲမွာ အမတ္ေတြမရွိဘဲ၊ က်င္းပဖို႔ရွိတဲ့ လြတ္ေတာ္ အစည္းအေဝး မျဖစ္ေျမာက္ခဲ့ပါဘူး။ ဗုဒၶဟူးေနတုန္းကလည္း ေထာင္ဂဏန္းေတြခ်ီတဲ့ အလားတူ ဆႏၵျပသူေတြ လႊတ္ေတာ္ထဲ ဝင္ေရာက္ခဲ့ပါေသးတယ္။

အီရတ္ ဝန္ႀကီးခ်ဳပ္ Mustafa al-Kadhimi ကေတာ့ ဒီဆႏၵျပသူေတြကို အကာအကြယ္ေပးဖို႔ လုံၿခဳံေရးတပ္ဖြဲ႕ေတြ ေစလႊတ္ခဲ့ေၾကာင္းနဲ႔၊ ဆႏၵျပသူေတြကိုလည္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖစ္ေစခ်င္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ေနာက္ al-Sadr ကိုေထာက္ခဲ့တဲ့ ေထာင္ဂဏန္းေတြနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြကေတာ့ အီရတ္အရာရွိအိမ္ေတြနဲ႔ ႏိုင္ငံျခားသံ႐ုံးေတြရွိတဲ့ အစိမ္းေရာင္နယ္ေျမ ဝင္တဲ့ဂိတ္က ကြန္ကရစ္အတားအဆီးေတြကို ႀကိဳးေတြနဲ႔ခ်ီၿပီး ဆြဲခ်ခဲ့ၾကပါတယ္။

Shiite ဘာသာေရးေခါင္းေဆာင္ al-Sadr ပါတီ၊ အခု အစိုးရဖြဲ႔ေရးေဆြးေႏြးပြဲကေန ဇြန္လမွာ ႏႈတ္ထြက္ခဲ့အၿပီး၊ သူ႔ၿပိဳင္ဖက္ အီရန္က ေထာက္ခံေပးထားတဲ့ Shiite ပါတီေတြရဲ႕ မဟာမိတ္အဖြဲ႔က အခုလို အစိုးရဖြဲ႔ဖို႔ လိုအပ္တဲ့ အမ်ားစု အမတ္အေရအတြက္ကို ရသြားခဲ့တာပါ။

===Unicode ===

အီရတ်မှာတော့ သြဇာကြီး Shiite ဘာသာရေးခေါင်းဆောင်ကို ထောက်ခံသူ ရာဂဏန်းတွေနဲ့ချီ လွှတ်တော်ကို ကျုးကျော်ဆန္ဒပြခဲ့ပါတယ်။ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံရေးအုပ်စုတွေဘက်က နောက်အစိုးရဖွဲ့ဖို့ရှိတာကို ဆန့်ကျင်ပြီး၊ Shiite ဘာသာရေးခေါင်းဆောင် Muqtada al-Sadr ကို ထောက်ခံသူတွေက ဒီအပတ်ထဲ ဒုတိယအကြိမ်အဖြစ် ဒီနေ့ ဝင်ရောက်ဆန္ဒပြခဲ့တာပါ။

လုံခြုံရေးတပ်တွေဘက်ကတော့ မျက်ရည်ယိုဓာတ်ငွေ့နဲ့ အသံဗုံးတွေသုံးပြီး အခုလို ဝင်ရောက်ဆန္ဒပြသူတွေကို ပြန်တွန်းထုတ်ဖို့ ကြိုးပမ်းခဲ့ရာမှာ အများအပြားဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန် လွတ်တော်ထဲမှာ အမတ်တွေမရှိဘဲ၊ ကျင်းပဖို့ရှိတဲ့ လွတ်တော် အစည်းအဝေး မဖြစ်မြောက်ခဲ့ပါဘူး။ ဗုဒ္ဓဟူးနေတုန်းကလည်း ထောင်ဂဏန်းတွေချီတဲ့ အလားတူ ဆန္ဒပြသူတွေ လွှတ်တော်ထဲ ဝင်ရောက်ခဲ့ပါသေးတယ်။

အီရတ် ဝန်ကြီးချုပ် Mustafa al-Kadhimi ကတော့ ဒီဆန္ဒပြသူတွေကို အကာအကွယ်ပေးဖို့ လုံခြုံရေးတပ်ဖွဲ့တွေ စေလွှတ်ခဲ့ကြောင်းနဲ့၊ ဆန္ဒပြသူတွေကိုလည်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နောက် al-Sadr ကိုထောက်ခဲ့တဲ့ ထောင်ဂဏန်းတွေနဲ့ချီတဲ့ ဆန္ဒပြသူတွေကတော့ အီရတ်အရာရှိအိမ်တွေနဲ့ နိုင်ငံခြားသံရုံးတွေရှိတဲ့ အစိမ်းရောင်နယ်မြေ ဝင်တဲ့ဂိတ်က ကွန်ကရစ်အတားအဆီးတွေကို ကြိုးတွေနဲ့ချီပြီး ဆွဲချခဲ့ကြပါတယ်။

Shiite ဘာသာရေးခေါင်းဆောင် al-Sadr ပါတီ၊ အခု အစိုးရဖွဲ့ရေးဆွေးနွေးပွဲကနေ ဇွန်လမှာ နှုတ်ထွက်ခဲ့အပြီး၊ သူ့ပြိုင်ဖက် အီရန်က ထောက်ခံပေးထားတဲ့ Shiite ပါတီတွေရဲ့ မဟာမိတ်အဖွဲ့က အခုလို အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အများစု အမတ်အရေအတွက်ကို ရသွားခဲ့တာပါ။

XS
SM
MD
LG