သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘက်ဂဒက်မှာ အရေးပေါ် အခြေနေ ထုတ်ပြန်


ဘက်ဂဒက်မှာ အရေးပေါ် အခြေနေ ထုတ်ပြန်
ဘက်ဂဒက်မှာ အရေးပေါ် အခြေနေ ထုတ်ပြန်

အီရတ်နိုင်ငံ၊ ဘက်ဂဒတ်မြို့ဟာ တနင်္ဂနွေနေ့က နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပေါ်တော့မယ့် ဘက်ကို ယိမ်းယိုင်နေပါတယ်။ မြို့တော်ကို အရေးပေါ် အခြေအနေ ကြေညာထားရသလို၊ တချိန်က အလုံခြုံဆုံး ဒေသလို့သတ်မှတ်ထားကြတဲ့ နိုင်ငံတကာဇုံကို ဆန္ဒပြသူတွေက သိမ်းပိုက်လိုက်ပြီး လွှတ်တော်အမတ်တွေဟာလည်း ထွက်ပြေးသွားခဲ့ကြသလို စစ်တပ်ဟာလည်း သတိအနေအထားနဲ့ ရှိနေပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းတုန်းကတော့ Shi’ite ဘာသာရေးခေါင်းဆောင် Muqtada al-Sadr ဦးဆောင်တဲ့ ဆန္ဒပြသူတွေဟာ နိုင်ငံတကာ ဇုံအတွင်းက အောင်ပွဲခံတဲ့ရင်ပြင်လို့ခေါ်တဲ့ နေရာကို မပြောင်းရွေ့ခင် အခု လူသူ မရှိတော့တဲ့ လွှတ်တော်အဆောက်အဦးရှေ့မှာ စုဝေးခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ ညနေစောင်းပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ သူတို့ရဲ့ ဆန္ဒပြမှုကို ယာယီ ရပ်ဆိုင်းလိုက်ပြီး သူတို့ရှိနေတဲ့ နေရာကနေ ထွက်ခွာသွားခဲ့ကြပါတယ်။

Shi’ite ဘုရားဖူးတွေကို လေးစားသမှု ပြုတဲ့အနေနဲ့ သူတို့အနေနဲ့ ဆန္ဒပြတဲ့နေရာကနေ ဆုတ်ခွာပေးလိုက်တာဖြစ်ကြောင်း al-Sadr ရဲ့ ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အဦးကို ဝင်စီးလိုက်ပြီးတဲ့နောက် လွှတ်တော်အမတ်တွေဟာ စေနေနေ့က ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG