သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ရွေးကောက်ပွဲ မဲပေးသူ ၄၃ ရာခိုင်နှုန်း ရှိခဲ့


အီရတ်ရွေးကောက်ပွဲမှာ လူကြိုက်များနေတဲ့ ရှီးယားဘာသာရေးခေါင်းဆောင် Moqtada al-Sadr ကို ထောက်ခံသူများ။ (အောက်တိုဘာ ၁၁၊ ၂၀၂၁)
အီရတ်ရွေးကောက်ပွဲမှာ လူကြိုက်များနေတဲ့ ရှီးယားဘာသာရေးခေါင်းဆောင် Moqtada al-Sadr ကို ထောက်ခံသူများ။ (အောက်တိုဘာ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

အီရတ်နိုင်ငံရဲ့ လွှတ်တော်ရွေးကောက်ပွဲတွေမှာ မဲလာပေးသူ ၄၃ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က စနေနေ့က ကြေညာပါတယ်။ ဒါဟာ အစောပိုင်းထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေထက် အနည်းငယ်ပိုပြီး ၂၀၁၈ ရွေးကောက်ပွဲထက်တော့ မဲပေးသူအရေအတွက် နည်းပါတယ်။

အီရတ်နိုင်ငံရဲ့ အောက်တိုဘာ ၁၀ ရွေးကောက်ပွဲမှာ လူ ၉.၆ သန်း လာရောက်မဲပေးခဲ့ကြတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

လူကြိုက်များနေတဲ့ ရှီးယားဘာသာရေးခေါင်းဆောင် Moqtada al-Sadr ကတော့ လွှတ်တော်အမတ်နေရာ အများဆုံးကို ဆက်ထိန်းထားနိုင်မယ်လို့ ပြောဆိုထားပြီး ရွေးကောက်ပွဲရလဒ်ကိုလည်း စောဒကတက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်က အစောပိုင်း ကိန်းဂဏန်းတွေအရ မဲလာပေးသူ ၄၁ ရာခိုင်နှုန်းရှိမယ်လို့ ပြောဆိုထားပြီး ၂၀၁၈ ရွေးကောက်ပွဲတုန်းကတော့ ၄၄.၅ ရာခိုင်နှုန်းအထိ မဲပေးခဲ့ကြတာပါ။

လက်ရှိဝန်ကြီးချုပ် Mustafa al-kadhimi ကတော့ ပြန်ပြီး ရွေးကောက်ပွဲဝင်မှာ မဟုတ်ပေမယ့်လို့ သူ့ရဲ့ ဒုတိယသက်တမ်းကိုတော့ မဲရလဒ်တွေ ထွက်ပေါ်ပြီး ညှိနှိုင်းမှုတွေအပေါ် မူတည်နေမှာ ဖြစ်ပါတယ်။

အီရတ်နိုင်ငံမှာ လွှတ်တော်အမတ်နေရာ ၃၂၉ နေရာအတွက် ပါတီပေါင်း ၁၆၇ ပါတီက အမတ်လောင်း ၃,၂၀၀ တို့ ဝင်ရောက်ယှဉ်ပြိုင်နေကြတာလည်း ဖြစ်ပါတယ်။

အီရတ်ရွေးကောက်ပွဲ မဲပေးသူ ၄၃ ရာခိုင်နှုန်း ရှိခဲ့
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

------------------------

(Unicode)








XS
SM
MD
LG