သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အီရတ္ေရာက္ ကန္တပ္ဖဲြ႕ တိုက္ခိုက္ေရးတာဝန္ ရပ္ဆိုင္းေတာ႔မည္


(Zawgyi/ Unicode)

အီရတ္မွာ ရွိတဲ႔ အေမရိကန္ တပ္ဖြဲ႔ေတြရဲ႕ တိုက္ခိုက္ေရး တာ၀န္ကို လာမယ့္ လပိုင္းေတြ အတြင္း အဆံုးသတ္မွာ ျဖစ္ေၾကာင္း အေမရိကန္ သမၼတ Joe Biden က တနလာၤေန႔မွာ ေၾကညာခဲ႔ပါတယ္။ အီရတ္ ၀န္ႀကီးခ်ဳပ္ Mustafa al-Kadhimi နဲ႔ အေမရိကန္ သမၼတ အိမ္ျဖဴေတာ္ ေဆြးေႏြးပြဲ အတြင္းမွာ သမၼတ Biden က အခုလို ေၾကညာခဲ႔တာပါ။

အီရတ္ႏိုင္ငံတြင္းမွာ ရွိတဲ႔ အေမရိကန္ တပ္ဖြဲ႔ေတြ ရဲ႕ အခန္းက႑သစ္ကေတာ့ ISIS - အစၥလာမၼစ္ အစြန္းေရာက္ေတြ အေရး ကိုင္တြယ္ႏိုင္ေရး ကူညီေပးဖို႔နဲ႔ ေလ႔က်င့္မႈနဲ႔ ေထာက္ပံ႔မႈကို ဆက္လက္ ေဆာင္ရြက္သြားမွာ ျဖစ္ေပမယ့္ ဒီႏွစ္ကုန္ပိုင္း အေရာက္မွာ အေမရိကန္ တပ္ဖြဲ႔ေတြ အေနဲ႔ တိ္ုကခိုက္ေရး လုပ္ငန္းေတြ ဆက္လုပ္ေတာ့မွာ မဟုတ္ေၾကာင္း အေမရိကန္ သမၼတ Biden က အီရတ္ ေခါင္းေဆာင္နဲ႔ အတူ အိမ္ျဖဴေတာ္ ရံုးခန္းမွာ သတင္းေထာက္ တဦးရဲ႕ အေမးကို ေျဖၾကားခဲ႔တာ ျဖစ္ပါတယ္။

လက္ရွိ အီရတ္ႏိုင္ငံတြင္းမွာ အေမရိကန္ တပ္ဖြဲ႔၀င္ ၂,၅၀၀ ေလာက္ ရွိေနတာမွာ တပ္ဖြဲ႔၀င္ ဘယ္ေလာက္ ဆက္ၿပီး ထားမလဲဆိုတာကိုေတာ့ အေမရိကန္ သမၼတ Biden က ေျဖဖို႔ ျငင္းဆိုခဲ႔ပါတယ္။ အခု ကိစၥက လုပ္ငန္းတာ၀န္ ေျပာင္းလဲတာ ျဖစ္ေၾကာင္း၊ အီရတ္ ေခါင္းေဆာင္ေတြနဲ႔ ထိေတြ႕ ဆက္ဆံမႈကို အဆံုးသတ္တာမ်ိဳး၊ ဒါမွမဟုတ္လည္း အီရတ္မွာ အေမရိကန္ တပ္ဖြဲ႔ေတြ ရွိေနမႈနဲ႔ မိတ္ဖက္ ေဆာင္ရြက္မႈေတြကို ဖယ္ရွားလိုက္တာမ်ိဳး မဟုတ္ေၾကာင္း အိမ္ျဖဴေတာ္ ျပန္ၾကားေရး တာ၀န္ခံ Jen Psaki က သမၼတ Biden ရဲ႕ ေဆြးေႏြးပြဲ မတိုင္ခင္က သတင္းေထာက္ေတြကို ရွင္းလင္းခဲ႔ပါတယ္။

အီရတ္မွာ ရွိတဲ႔ အေမရိကန္ တပ္ဖြဲ႔ေတြ အေနနဲ႔ ေဆာင္ရြက္ႏိုင္တာေတြ အမ်ားႀကီး ရွိေနေၾကာင္း အေမရိကန္ ကာကြယ္ေရၚ ၀န္ႀကီး Lloyd Austin ကလည္း စေနေန႔တုန္းက Alaska မွာ သတင္းေထာက္ေတြကို ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အီရတ်ရောက် ကန်တပ်ဖွဲ့ တိုက်ခိုက်ရေးတာဝန် ရပ်ဆိုင်းတော့မည်

အီရတ်မှာ ရှိတဲ့ အမေရိကန် တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေး တာဝန်ကို လာမယ့် လပိုင်းတွေ အတွင်း အဆုံးသတ်မှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ Joe Biden က တနလာၤနေ့မှာ ကြေညာခဲ့ပါတယ်။ အီရတ် ဝန်ကြီးချုပ် Mustafa al-Kadhimi နဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော် ဆွေးနွေးပွဲ အတွင်းမှာ သမ္မတ Biden က အခုလို ကြေညာခဲ့တာပါ။
အီရတ်နိုင်ငံတွင်းမှာ ရှိတဲ့ အမေရိကန် တပ်ဖွဲ့တွေ ရဲ့ အခန်းကဏ္ဍသစ်ကတော့ ISIS - အစ္စလာမ္မစ် အစွန်းရောက်တွေ အရေး ကိုင်တွယ်နိုင်ရေး ကူညီပေးဖို့နဲ့ လေ့ကျင့်မှုနဲ့ ထောက်ပံ့မှုကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပေမယ့် ဒီနှစ်ကုန်ပိုင်း အရောက်မှာ အမေရိကန် တပ်ဖွဲ့တွေ အနေဲ့ တိုကခိုက်ရေး လုပ်ငန်းတွေ ဆက်လုပ်တော့မှာ မဟုတ်ကြောင်း အမေရိကန် သမ္မတ Biden က အီရတ် ခေါင်းဆောင်နဲ့ အတူ အိမ်ဖြူတော် ရုံးခန်းမှာ သတင်းထောက် တဦးရဲ့ အမေးကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အီရတ်နိုင်ငံတွင်းမှာ အမေရိကန် တပ်ဖွဲ့ဝင် ၂,၅၀၀ လောက် ရှိနေတာမှာ တပ်ဖွဲ့ဝင် ဘယ်လောက် ဆက်ပြီး ထားမလဲဆိုတာကိုတော့ အမေရိကန် သမ္မတ Biden က ဖြေဖို့ ငြင်းဆိုခဲ့ပါတယ်။ အခု ကိစ္စက လုပ်ငန်းတာဝန် ပြောင်းလဲတာ ဖြစ်ကြောင်း၊ အီရတ် ခေါင်းဆောင်တွေနဲ့ ထိတွေ့ ဆက်ဆံမှုကို အဆုံးသတ်တာမျိုး၊ ဒါမှမဟုတ်လည်း အီရတ်မှာ အမေရိကန် တပ်ဖွဲ့တွေ ရှိနေမှုနဲ့ မိတ်ဖက် ဆောင်ရွက်မှုတွေကို ဖယ်ရှားလိုက်တာမျိုး မဟုတ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ခံ Jen Psaki က သမ္မတ Biden ရဲ့ ဆွေးနွေးပွဲ မတိုင်ခင်က သတင်းထောက်တွေကို ရှင်းလင်းခဲ့ပါတယ်။

အီရတ်မှာ ရှိတဲ့ အမေရိကန် တပ်ဖွဲ့တွေ အနေနဲ့ ဆောင်ရွက်နိုင်တာတွေ အများကြီး ရှိနေကြောင်း အမေရိကန် ကာကွယ်ရေါ် ဝန်ကြီး Lloyd Austin ကလည်း စနေနေ့တုန်းက Alaska မှာ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG