သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရတ္ကုိ ကန္ တပ္ဖြဲ႔ေတြ ထပ္မံေစလႊတ္


ဘက္ဂဒတ္မွာရွိတဲ့ အေမရိကန္သံရုံးေရွ႕မွာ ဆႏၵျပသူေတြ ဒီဇင္ဘာ ၃၁ ရက္ေန႔က ၀ုိင္းရံထားစဥ္။

(Zawgyi/Unicode)

အီရတ္ႏိုင္ငံက အေမရိကန္သံရံုးကို ဆႏၵျပသူေတြက အၾကမ္းဖက္ဝင္စီးဖို႔ ႀကိဳးစားေနခ်ိန္မွာ အေမရိကန္ဘက္ကလည္း ဆက္ႀကံ့ႀကံ့ခံရင္ဆိုင္ၿပီး၊ စစ္ကူထပ္ပို႔ေနပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ၿပီး ဆႏၵျပသူေတြအေနနဲ႔ သံရံုးထဲ ဝင္မစီးႏိုင္ေသးဘဲ အေမရိကန္ ဝန္ထမ္းေတြအေနနဲ႔ လံုလံုၿခံဳၿခံဳရွိေနၿပီး သံရံုးကို ေရြ.ဖို႔ မရွိေသးဘူးလို႔ မေန႔က ဆိုပါတယ္။

အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Mark Esper ကလည္း သံရံုးနဲ႔ သံရံုးဝန္ထမ္းေတြကို ကာကြယ္ေပးဖို႔ ေနာက္ထပ္ တပ္ဖြဲေတြ ေစလႊတ္ေနတယ္လို႔ မေန႔ကပဲ ေၾကညာခဲ့ပါတယ္။

ေဒါသထြက္ေနတဲ့ ဆႏၵျပသူေတြဖက္က သံရံုးဝင္း လံုၿခံဳေရး ပထမစီးကို ခ်ိဳးဖ်က္ ေက်ာ္ေဖာက္ၿပီး လံုၿခံဳေရးဂိတ္ အနည္းဆံုး တစ္ခုကို မီးရိႈ႕ကာ သံတရြင္းေတြ လမ္းျပ မွတ္တိုင္ေတြကို သံုးၿပီး သံရံုးရဲ့ သံမဏိတံခါးႀကီးကို ရိုက္ဖြင့္ဖို႔ ႀကိဳးစားေနၾကပါတယ္။

အီရတ္အစိုးရ လံုျခံဳေရးတပ္ေဖြဲေတြကေတာ့ ဒီဆႏၵျပသူေတြ ခုလို သံရံုးထဲ ခ်ိဳးေဖာက္ ဝင္ေရာက္ဖို႔ ႀကိဳးစားတာကို ဝင္မတားေပးဘူးလို႔ အီရတ္ သတင္းမီဒီယာေတြက ဆိုပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo အေနနဲ႔လည္း အီရတ္ဝန္ႀကီးခ်ဳပ္ Abdel Abdul Mahdi နဲ႔ အီရတ္သမၼတ Barham Salih တို႔နဲ႔ ဒီလံုၿခံဳေရးကိစၥအတြက္ ဖုန္းနဲ႔ ေဆြးေႏြးခဲ့ပါတယ္။

မေန႔တံုးကေတာ့ သံရုံးကို ေက်ာက္ခဲေတြနဲ႔ ပစ္ေပါက္ၿပီး၊ အျပင္ဘက္ ၿခံဝင္းကို ခ်ိဳးဖ်က္ ဝင္ဖို႔ ႀကိဳးစားတဲ့ ဒီ ဆႏၵျပသူေတြကို သံ႐ုံးလုံၿခဳံေရး၀န္ထမ္းေတြက မ်က္ရည္ယိုဗုံးေတြ သုံးၿပီး ဟန္႔တားခဲ့ၾကပါတယ္။

အီရန္ႏုိင္ငံက ေက်ာေထာက္ေနာက္ခံေပးထားတဲ့ အီရတ္ နဲ႔ဆီးရီးယား ႏုိင္ငံထဲက အရပ္ဘက္ တုိက္ခိုက္ေရးသမားေတြရဲ ႔ အေျခစိုက္စခန္းေတြကို၊ အေမရိကန္က တနဂၤေႏြေန႔မွာ ေလေၾကာင္း ထိုးစစ္ဆင္ခဲ့တဲ့အေပၚ ရႈတ္ခ်တဲ့အေနနဲ႔ ခုလို ၾကမ္းတမ္းစြာ ဆႏၵျပေနတာပါ။

အီရတ္ကုိ ကန္ တပ္ဖြဲ႔ေတြ ထပ္မံေစလႊတ္
please wait

No media source currently available

0:00 0:01:32 0:00
တိုက္႐ိုက္ လင့္ခ္


[Unicode]

အီရတ်နိုင်ငံက အမေရိကန်သံရုံးကို ဆန္ဒပြသူတွေက အကြမ်းဖက်ဝင်စီးဖို့ ကြိုးစားနေချိန်မှာ အမေရိကန်ဘက်ကလည်း ဆက်ကြံ့ကြံ့ခံရင်ဆိုင်ပြီး၊ စစ်ကူထပ်ပို့နေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပြီး ဆန္ဒပြသူတွေအနေနဲ့ သံရုံးထဲ ဝင်မစီးနိုင်သေးဘဲ အမေရိကန် ဝန်ထမ်းတွေအနေနဲ့ လုံလုံခြုံခြုံရှိနေပြီး သံရုံးကို ရွေ.ဖို့ မရှိသေးဘူးလို့ မနေ့က ဆိုပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper ကလည်း သံရုံးနဲ့ သံရုံးဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ နောက်ထပ် တပ်ဖွဲတွေ စေလွှတ်နေတယ်လို့ မနေ့ကပဲ ကြေညာခဲ့ပါတယ်။

ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဖက်က သံရုံးဝင်း လုံခြုံရေး ပထမစီးကို ချိုးဖျက် ကျော်ဖောက်ပြီး လုံခြုံရေးဂိတ် အနည်းဆုံး တစ်ခုကို မီးရှို့ကာ သံတရွင်းတွေ လမ်းပြ မှတ်တိုင်တွေကို သုံးပြီး သံရုံးရဲ့ သံမဏိတံခါးကြီးကို ရိုက်ဖွင့်ဖို့ ကြိုးစားနေကြပါတယ်။

အီရတ်အစိုးရ လုံခြုံရေးတပ်ဖွေဲတွေကတော့ ဒီဆန္ဒပြသူတွေ ခုလို သံရုံးထဲ ချိုးဖောက် ဝင်ရောက်ဖို့ ကြိုးစားတာကို ဝင်မတားပေးဘူးလို့ အီရတ် သတင်းမီဒီယာတွေက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အနေနဲ့လည်း အီရတ်ဝန်ကြီးချုပ် Abdel Abdul Mahdi နဲ့ အီရတ်သမ္မတ Barham Salih တို့နဲ့ ဒီလုံခြုံရေးကိစ္စအတွက် ဖုန်းနဲ့ ဆွေးနွေးခဲ့ပါတယ်။

မနေ့တုံးကတော့ သံရုံးကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး၊ အပြင်ဘက် ခြံဝင်းကို ချိုးဖျက် ဝင်ဖို့ ကြိုးစားတဲ့ ဒီ ဆန္ဒပြသူတွေကို သံရုံးလုံခြုံရေးဝန်ထမ်းတွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး ဟန့်တားခဲ့ကြပါတယ်။

အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ အီရတ် နဲ့ဆီးရီးယား နိုင်ငံထဲက အရပ်ဘက် တိုက်ခိုက်ရေးသမားတွေရဲ ့ အခြေစိုက်စခန်းတွေကို၊ အမေရိကန်က တနင်္ဂနွေနေ့မှာ လေကြောင်း ထိုးစစ်ဆင်ခဲ့တဲ့အပေါ် ရှုတ်ချတဲ့အနေနဲ့ ခုလို ကြမ်းတမ်းစွာ ဆန္ဒပြနေတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG