သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရတ္က ညြန္႔ေပါင္းစစ္အေျခစိုက္ ဒံုးက်ည္နဲ႔တိုက္ခံရ


အီရတ္ႏုိင္ငံ ဘဂၢဒက္တြင္ တာဝန္ထမ္းေဆာင္ေနသည့္ အေမရိကန္စစ္သည္အခ်ဳိ႕။ (ဇန္နဝါရီ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

အီရတ္ႏုိင္ငံက အေမရိကန္ဦးေဆာင္တဲ့ ညြန္႔ေပါင္းတပ္ဖဲြ႔ေတြရဲ႕ စစ္အေျခစိုက္စခန္းတခု ဒီေန႔မွာ ဒုံးက်ည္ေတြနဲ႔ တုိက္ခုိက္ခံခဲ့ရတယ္လို႔ အီရတ္လုံၿခဳံေရး တာ၀န္ရွိသူေတြက ေျပာလုိက္ပါတယ္။

အီရတ္ႏုိင္ငံက Taji စစ္အေျခစိုက္စခန္းကို ဒီကေန႔ တုိက္ခုိက္မႈအတြင္း အီရတ္ေလေၾကာင္း ကာကြယ္ေရးတပ္ဖြဲ႔၀င္ အေတာ္မ်ားမ်ား အျပင္းအထန္ ထိခိုက္ဒဏ္ရာ ရခဲ့ၾကတယ္လို႔ အီရတ္စစ္တပ္က ေျပာပါတယ္။

ဒီတုိက္ခို္က္မႈမွာ ညြန္႔ေပါင္းတပ္ဖြဲ႔၀င္ ၃ ဦးနဲ႔ အီရတ္တပ္သား ၂ ဦး ဒဏ္ရာရခဲ့တယ္လု႔ိ ညြန္႔ေပါင္းတပ္ တာ၀န္ရွိသူက ေျပာပါတယ္။

အဲဒီစစ္အေျခစိုက္စခန္းကို ဒုံးက်ည္ ၃၃ လုံး ထိမွန္ခဲ့တယ္လို႔ အီရတ္ ဗုိလ္မွဴးႀကီးတဦးက ေျပာပါတယ္။

ခုတုိက္ခံရတဲ့ စခန္းအနီးက Abu Izam ဧရိယာဘက္မွာ ေရာ့ကက္ေလာင္ခ်ာ ၇ ခုနဲ႔ ဒုံးက်ည္ ၂၄ စင္း ရွာေဖြေတ႔ြရွိခဲ့တယ္လို႔လည္း ဆိုပါတယ္။ တုိ္က္ခိုက္မႈအတြက္ တာ၀န္ရွိသူကုိ ဖမ္းဆီးအေရးယူသြားမယ္လို႔လည္း စစ္ဘက္တာ၀န္ရွိသူေတြက ေျပာပါတယ္။

ဒီကေန႔တုိက္ခုိက္မႈဟာ အရင္ျဖစ္ေနက် ပုံစံအတုိင္းမဟုတ္ဘဲ ေန႔ဘက္မွာ တုိက္ခုိက္ခံရတာ ျဖစ္ပါတယ္။

Taji စစ္အေျခစိုက္စခန္းဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔ကလည္း ဒုံးက်ည္ေတြနဲ႔ တုိက္ခုိက္ခံခဲ့ရၿပီး အဲဒီတုိက္ခုိက္မႈေၾကာင့္ အေမရိကန္တပ္ဖဲြ႔၀င္ ၂ ေယာက္နဲ႔ ၿဗိတိန္ေဆးမွဴး ၁ ေယာက္ ေသဆုံးၿပီး ၁၄ ေယာက္ထက္မနည္း ဒဏ္ရာရခဲ့ပါတယ္။

အဲဒီတုိက္ခုိက္မႈကိုလက္တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္က အီရတ္ႏုိင္ငံမွာရွိတဲ့ Kataib Hezbollah အဖဲြ႔ရဲ႕ လက္နက္သိုေလွာင္႐ုံ ၅ ခုကို ဒုံးက်ည္ေတြနဲ႔ တုိက္ခုိက္ခဲ့ပါတယ္။ အီရတ္ႏုိင္ငံက Hezbollah အဖဲြ႔ေတြကိုေတာ့ အီရန္ႏုိင္ငံက ေက်ာေထာက္ေနာက္ခံေပးထားတာ ျဖစ္ပါတယ္။

Taji စစ္အေျခစိုက္စခန္းကို တုိက္ခုိက္ခဲ့တဲ့ ဒုံးက်ည္ေတြကိုေတာ့ အဲဒီလက္နက္သိုေလွာင္႐ုံေတြမွာ သိမ္းထားတာျဖစ္တယ္လို႔ အေမရိကန္ ပင္တဂြန္စစ္ဌာနခ်ဳပ္က ေျပာပါတယ္။

------------------

(Unicode)

အီရတ်က ညွန့်ပေါင်းစစ်အခြေစိုက် ဒုံးကျည်နဲ့တိုက်ခံရ

အီရတ်နိုင်ငံက အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ စစ်အခြေစိုက်စခန်းတခု ဒီနေ့မှာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ အီရတ်လုံခြုံရေး တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

အီရတ်နိုင်ငံက Taji စစ်အခြေစိုက်စခန်းကို ဒီကနေ့ တိုက်ခိုက်မှုအတွင်း အီရတ်လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် အတော်များများ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ အီရတ်စစ်တပ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ ညွန့်ပေါင်းတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အီရတ်တပ်သား ၂ ဦး ဒဏ်ရာရခဲ့တယ်လု့ိ ညွန့်ပေါင်းတပ် တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစစ်အခြေစိုက်စခန်းကို ဒုံးကျည် ၃၃ လုံး ထိမှန်ခဲ့တယ်လို့ အီရတ် ဗိုလ်မှူးကြီးတဦးက ပြောပါတယ်။

ခုတိုက်ခံရတဲ့ စခန်းအနီးက Abu Izam ဧရိယာဘက်မှာ ရော့ကက်လောင်ချာ ၇ ခုနဲ့ ဒုံးကျည် ၂၄ စင်း ရှာဖွေတေ့ွရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူကို ဖမ်းဆီးအရေးယူသွားမယ်လို့လည်း စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီကနေ့တိုက်ခိုက်မှုဟာ အရင်ဖြစ်နေကျ ပုံစံအတိုင်းမဟုတ်ဘဲ နေ့ဘက်မှာ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

Taji စစ်အခြေစိုက်စခန်းဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကလည်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရပြီး အဲဒီတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၂ ယောက်နဲ့ ဗြိတိန်ဆေးမှူး ၁ ယောက် သေဆုံးပြီး ၁၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကိုလက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က အီရတ်နိုင်ငံမှာရှိတဲ့ Kataib Hezbollah အဖွဲ့ရဲ့ လက်နက်သိုလှောင်ရုံ ၅ ခုကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အီရတ်နိုင်ငံက Hezbollah အဖွဲ့တွေကိုတော့ အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတာ ဖြစ်ပါတယ်။

Taji စစ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေကိုတော့ အဲဒီလက်နက်သိုလှောင်ရုံတွေမှာ သိမ်းထားတာဖြစ်တယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG