သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အီရတ်သမ္မတနဲ့ တွေ့မည်


၂၀၁၉ စက်တင်ဘာလတုန်းက အီရတ် သမ္မတနဲ့ ကန်သမ္မတတို့ New York မြို့မှာ တွေ့ဆုံစဉ်
၂၀၁၉ စက်တင်ဘာလတုန်းက အီရတ် သမ္မတနဲ့ ကန်သမ္မတတို့ New York မြို့မှာ တွေ့ဆုံစဉ်

(Zawgyi / Unicode)

ဆွစ်ဇာလန်နိုင်ငံ Davos မြို့ကို ဒီသီတင်းပတ် အတွင်း အမေရိကန် သမ္မတ Donald Trump သွားရောက်မယ့် ခရီးစဉ်အတွင်း အီရတ် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အိမ်ဖြူတော်က တနလာၤနေ့မှာ ပြောပါတယ်။

အီရတ် သမ္မတ Barham Saleh နဲ့ အမေရိကန် သမ္မတ Trump တွေ့ဆုံမှုကတော့ အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မှာ အီရန် ထိပ်တန်းဗိုလ်ချုပ်နဲ့ အီရန်လိုလားတဲ့ အီရတ် အကြီးတန်း တပ်မှူး တဦးကို အမေရိကန်က တိုက်ခိုက် သုတ်သင်ခဲ့တဲ့ အတွက် တင်းမာမှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း အမေရိကန် သမ္မတ Trump နဲ့ အီရတ် အစိုးရ တာဝန်ရှိသူတွေကြား ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။

အီရတ်နိုင်ငံတွင်းက ထောင်နဲ့ချီတဲ့ အမေရိကန် တပ်ဖွဲ့တွေကို မောင်းထုတ်ပစ်ဖို့ အီရတ်နိုင်ငံတွင်း တောင်းဆိုမှုတွေ ပေါ်ပေါက်လာပြီးနောက်မှာတော့ အီရတ်စီးပွားရေး အထိနာသွားစေနိုင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်မယ်လို့ အမေရိကန် သမ္မတ Trump က တုံ့ပြန် ခြိမ်းခြောက် ထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ Davos မှာ ကျင်းပမယ့် World Economic Forum - ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ အမေရိကန် သမ္မတက အင်္ဂါနေ့မှာ ဆိုက်ရောက်လာမှာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ပြန်လည် ထွက်ခွာမှာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော်က ပြောဆိုထားပါတယ်။ ဥရောပ ကောင်စီ ဥက္ကဌ Ursula von der Layen နဲ့လည်း သမ္မတ Trump တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ဥရောပနဲ့ အမေရိကန်ကြား ကုန်သွယ်ရေး ကိစ္စ မပြေလည်မှု ကြီးထွားမလာစေရေး ထပ်ပြီး စေ့စပ်ညှိနှိုင်းကြဖို့ အမေရိကန်နဲ့ ပြင်သစ်တို့ကြား သဘောတူညီခဲ့ကြပြီးနောက်မှာဘဲ အမေရိကန် သမ္မတနဲ့ ဥရောပ ကောင်စီ အကြီးအကဲတို့ ဆွေးနွေးပွဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဆွစ်ဇာလန် ခရီးစဉ် အတွင်းမှာဘဲ ပါကစ္စတန် သမ္မတ Imran Khan၊ ဆွစ်ဇာလန် သမ္မတ Simonetta Sommaruga နောက် ကာဒ့် ခေါင်းဆောင် Nechirvan Barzani တို့နဲ့လည်း သမ္မတ Trump တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။

သမ္မတ Trump အီရတ်သမ္မတနဲ့ တွေ့မည်
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်


...............

သမ်မတ Trump အီရတျသမ်မတနဲ့ တှေ့မညျ

(Unicode)






XS
SM
MD
LG