သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပုပ္ရဟန္းမင္းနဲ႔ အီရတ္ ရွီယာေခါင္းေဆာင္တို႔ ေတြ႔ဆံု


ပုပ္ရဟန္းမင္းႏွင့္ အီရတ္ ရွီယာ ထိပ္တန္းေခါင္းေဆာင္ Ali al-Sistani (မတ္ ၆၊ ၂၀၂၁)

(Zawgyi/Unicode)

အီရတ္ကိုေရာက္ေနတဲ့ ပုပ္ရဟန္းမင္းႀကီးအေနနဲ႔ ထင္ရွားတဲ့ ရွီယာမြတ္ဆလင္ ဘာသာေရးေခါင္းေဆာင္ Ayatollah Ali al-Sistani နဲ႔ ဒီေန႔ သမိုင္းဝင္ ေတြ႔ဆံုုခဲ့ပါတယ္။

ရွီယာမြတ္ဆလင္ေခါင္းေဆာင္ Sistani ဟာ အသက္ ၉၀ အရြယ္ရွိၿပီး ေတြ႔ဆံုမႈေတြသိပ္မလုပ္ဘဲ သီးျခားေနေလ့ရွိပါတယ္။ သူ႔ရဲ႕ Najaf ၿမိဳ႕က သာမန္အိမ္ေလးမွာပဲ အသက္ ၈ ၄ႏွစ္အရြယ္ ပုပ္ရဟန္းမင္းႀကီး Francis ကို လက္ခံေတြ႕ဆံုခဲ့ပါတယ္။

အီရတ္ဘာသာေရးေခါင္းေဆာင္ Sistani ဟာ ရွီယာအႏြယ္ မြတ္ဆလင္ေတြအၾကားမွာ အေရးပါတဲ့ေခါင္းေဆာင္ျဖစ္ၿပီး အီရတ္ႏိုင္ငံအတြင္းအျပင္ ၾသဇာႀကီးမားသူျဖစ္ပါတယ္။

Najaf ၿမိဳ႕မွာရွိတဲ့ ဘာသာေရးဆိုင္ရာအရာရွိေတြကလည္း ဒီေတြ႔ဆံုမူက ပုဂၢိဳလ္ေရးသေဘာေတြ႔ဆံုၾကတာျဖစ္ၿပီး သမိုင္းမွာ ခုလိုတစ္ခါမွ မျဖစ္ခဲ့ဖူးဘူးလို႔ AP သတင္းဌာနကို ေျပာခဲ့ပါတယ္။

ကမ႓ာၻမွာ ကိုဗစ္ကပ္ေရာဂါၾကံဳေနခ်ိန္ျဖစ္သလို အီရန္ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ အဖြဲ႔ေတြကေန အီရတ္ႏိုင္ငံထဲ ဒံုးက်ည္ေတြပစ္ႏိုင္ေခ်ရွိေနတဲ့ စစ္ေရးတင္းမာမႈ အေျခအေနေအာက္မွာ အခုလို ခရစ္ယန္နဲ႔ အစၥလာမ္ ဘာသာေရးေခါင္းေဆာင္ႀကီး ႏွစ္ဦး ေတြ႔ဆံုခဲဲ့ၾကတာပါ။

ဒီေန႔ ေႏွာင္းပိုင္းမွာလည္း ပုပ္ရဟန္းမင္းႀကီးအေနနဲ႔ ဘဂၢဒက္ၿမိဳ.ေတာ္မွာရွိတဲ့ Saint Joseph Chaldean ဘုရားေက်ာင္းမွာ ဝတ္ျပဳသူအမ်ားနဲ႔အတူ ဆုေတာင္းပြဲ က်င္းပမွာျဖစ္ပါတယ္။

.......................

(Unicode)

ပုပ်ရဟန်းမင်းနဲ့ အီရတ် ရှီယာခေါင်းဆောင်တို့ တွေ့ဆုံ

အီရတ်ကိုရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ထင်ရှားတဲ့ ရှီယာမွတ်ဆလင် ဘာသာရေးခေါင်းဆောင် Ayatollah Ali al-Sistani နဲ့ ဒီနေ့ သမိုင်းဝင် တွေ့ဆုံခဲ့ပါတယ်။

ရှီယာမွတ်ဆလင်ခေါင်းဆောင် Sistani ဟာ အသက် ၉၀ အရွယ်ရှိပြီး တွေ့ဆုံမှုတွေသိပ်မလုပ်ဘဲ သီးခြားနေလေ့ရှိပါတယ်။ သူ့ရဲ့ Najaf မြို့က သာမန်အိမ်လေးမှာပဲ အသက် ၈ ၄နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး Francis ကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

အီရတ်ဘာသာရေးခေါင်းဆောင် Sistani ဟာ ရှီယာအနွယ် မွတ်ဆလင်တွေအကြားမှာ အရေးပါတဲ့ခေါင်းဆောင်ဖြစ်ပြီး အီရတ်နိုင်ငံအတွင်းအပြင် သြဇာကြီးမားသူဖြစ်ပါတယ်။

Najaf မြို့မှာရှိတဲ့ ဘာသာရေးဆိုင်ရာအရာရှိတွေကလည်း ဒီတွေ့ဆုံမူက ပုဂ္ဂိုလ်ရေးသဘောတွေ့ဆုံကြတာဖြစ်ပြီး သမိုင်းမှာ ခုလိုတစ်ခါမှ မဖြစ်ခဲ့ဖူးဘူးလို့ AP သတင်းဌာနကို ပြောခဲ့ပါတယ်။

ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါကြုံနေချိန်ဖြစ်သလို အီရန် ကျောထောက်နောက်ခံပေးထားတဲ့အဖွဲ့တွေကနေ အီရတ်နိုင်ငံထဲ ဒုံးကျည်တွေပစ်နိုင်ချေရှိနေတဲ့ စစ်ရေးတင်းမာမှုအခြေအနေအောက်မှာ အခုလို ခရစ်ယန်နဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင်ကြီး နှစ်ဦး တွေ့ဆုံခဲ့ကြတာပါ။

ဒီနေ့ နှောင်းပိုင်းမှာလည်း ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဘဂ္ဂဒက်မြို.တော်မှာရှိတဲ့ Saint Joseph Chaldean ဘုရားကျောင်းမှာ ဝတ်ပြုသူအများနဲ့အတူ ဆုတောင်းပွဲကျင်းပမှာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG