အီရတ္ႏိုင္ငံမွာ တနဂၤေႏြေန႔က က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ ဘာသာေရးေခါင္းေဆာင္ Moqtada al-Sadr က မဲအမ်ားဆုံးရေနေၾကာင္း တနလၤာေန႔က ထုတ္ျပန္တဲ့ ကနဦးမဲရလာဒ္ေတြအရ ေဖၚျပေနပါတယ္။ မဲေရတြက္မႈ တစိတ္တပိုင္းရလာဒ္ေတြအရဆိုရင္ Shiite (ရွီအာ)မြတ္စလင္ေခါင္းေဆာင္တဲ့ ပါတီဟာ အီရတ္ လႊတ္ေတာ္ ၃၂၉ ေနရာမွာ ၇၀ ေက်ာ္အႏိုင္ရခဲ့တယ္လို႔ ဆိုပါတယ္။
သူတို႔ပါတီအေနနဲ႔ လႊတ္ေတာ္မွာ ေနရာ ၇၀ ေက်ာ္ကို အႏိုင္ရထားၿပီးျဖစ္သလို ေနာက္ထပ္ ၅၄ ေနရာ ထပ္ၿပီး အႏိုင္ရမယ္ဆိုရင္ အစိုးရဖဲြ႕စည္းႏိုင္ၿပီလို႔ Al-Sadr ပါတီကေျပာပါတယ္။
အရင္ ကန ဦး မဲရလဒ္ေတြအရ Shiite (ရွီအာ) ပါတီေတြၾကားမွာ အီရတ္၀န္ႀကီးခ်ဳပ္ေဟာင္း ႏိုရီအယ္လ္မာလီကီ ဦးေဆာင္တဲ့ပါတီက ဒုတိယေနရာကေန လိုက္ေနေၾကာင္း ႐ိုက္တာသတင္းမွာ ေဖၚျပထားပါတယ္။ Shiite အုပ္စုေတြဟာ ၂၀၀၃ခုႏွစ္မွာ Sunni (ဆြန္နီ) ေခါင္းေဆာင္ ဆဒမ္ဟူစိန္ က်ဆံုးၿပီးေနာက္ အီရတ္ႏိုင္ငံေရးကို လႊမ္းမိုးထားခဲ့တာျဖစ္ပါတယ္။
တနဂၤေႏြေန႔က ေရြးေကာက္ပဲြကို မဲလာေပးသူအေရအတြက္ စံခ်ိန္တင္ေလာက္ေအာင္ က်ဆင္းခဲ့ၿပီး ၄၁%သာရွိတယ္လို႔ အီရတ္ေရြးေကာက္ပဲြေကာ္မရွင္က ေျပာပါတယ္။ ၂၀၁၈ခုႏွစ္ မဲေပးသူအေရအတြက္ ၄၄.၅% ရွိခဲ့ၿပီး ဒီတႀကိမ္ေရြးေကာက္ပဲြကေတာ့ အနည္းဆံုးျဖစ္ပါတယ္။
အီရတ္ႏိုင္ငံမွာ အဂတီလိုက္စားမႈတိုက္ဖ်က္ေရး၊ ျပဳျပင္ေျပာင္းလဲေရးနဲ႔ ေရြးေကာက္ပဲြအသစ္က်င္းပဖို႔ ၂၀၁၉ ခုႏွစ္ေႏွာင္းပိုင္းနဲ႔ ၂၀၂၀ အေစာပိုင္းမွာ လူငယ္ေတြဦးေဆာင္တဲ့ ဆႏၵျပမႈေတြမွာ လူေပါင္း ေသာင္းနဲ႔ခ်ီ လမ္းမေတြေပၚထြက္ ပါ၀င္ခဲ့ၿပီးေနာက္ အခုေရြးေကာက္ပဲြကို ပံုမွန္သတ္မွတ္ထားတဲ့အခ်ိန္ထက္ လအတန္ၾကာ ေစာၿပီးက်င္းပခဲ့တာျဖစ္ပါတယ္။
----------------------
အီရတ်ရွေးကောက်ပွဲ ဘာသာရေးခေါင်းဆောင် Moqtada al-Sadr အလားအလာကောင်း
အီရတ်နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘာသာရေးခေါင်းဆောင် Moqtada al-Sadr မော်တဒ်ဒါ အယ်လ်ဆာဒါ က မဲအများဆုံးရနေကြောင်း တနင်္လာနေ့က ထုတ်ပြန်တဲ့ ကနဦးမဲရလာဒ်တွေအရ ဖေါ်ပြနေပါတယ်။ မဲရေတွက်မှု တစိတ်တပိုင်းရလာဒ်တွေအရဆိုရင် Shiite (ရှီအာ)မွတ်စလင်ခေါင်းဆောင်တဲ့ ပါတီဟာ အီရတ် လွှတ်တော် ၃၂၉ နေရာမှာ ၇၀ ကျော်အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ပါတီအနေနဲ့ လွှတ်တော်မှာ နေရာ ၇၀ ကျော်ကို အနိုင်ရထားပြီးဖြစ်သလို နောက်ထပ် ၅၄ နေရာ ထပ်ပြီး အနိုင်ရမယ်ဆိုရင် အစိုးရဖွဲ့စည်းနိုင်ပြီလို့ Al-Sadr ပါတီကပြောပါတယ်။
အရင် ကန ဦး မဲရလဒ်တွေအရ Shiite (ရှီအာ) ပါတီတွေကြားမှာ အီရတ်ဝန်ကြီးချုပ်ဟောင်း နိုရီအယ်လ်မာလီကီ ဦးဆောင်တဲ့ပါတီက ဒုတိယနေရာကနေ လိုက်နေကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။ Shiite အုပ်စုတွေဟာ ၂၀၀၃ခုနှစ်မှာ Sunni (ဆွန်နီ) ခေါင်းဆောင် ဆဒမ်ဟူစိန် ကျဆုံးပြီးနောက် အီရတ်နိုင်ငံရေးကို လွှမ်းမိုးထားခဲ့တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ရွေးကောက်ပွဲကို မဲလာပေးသူအရေအတွက် စံချိန်တင်လောက်အောင် ကျဆင်းခဲ့ပြီး ၄၁%သာရှိတယ်လို့ အီရတ်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ၂၀၁၈ခုနှစ် မဲပေးသူအရေအတွက် ၄၄.၅% ရှိခဲ့ပြီး ဒီတကြိမ်ရွေးကောက်ပွဲကတော့ အနည်းဆုံးဖြစ်ပါတယ်။
အီရတ်နိုင်ငံမှာ အဂတီလိုက်စားမှုတိုက်ဖျက်ရေး၊ ပြုပြင်ပြောင်းလဲရေးနဲ့ ရွေးကောက်ပွဲအသစ်ကျင်းပဖို့ ၂၀၁၉ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၀ အစောပိုင်းမှာ လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြမှုတွေမှာ လူပေါင်း သောင်းနဲ့ချီ လမ်းမတွေပေါ်ထွက် ပါဝင်ခဲ့ပြီးနောက် အခုရွေးကောက်ပွဲကို ပုံမှန်သတ်မှတ်ထားတဲ့အချိန်ထက် လအတန်ကြာ စောပြီးကျင်းပခဲ့တာဖြစ်ပါတယ်။