သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်မှာ စာသင်ကျောင်း ထောင်ချီတည်ဆောက်မယ့် တရုတ်ရဲ့အစီအမံ


အီရတ်မှာ စာသင်ကျောင်း ထောင်ချီတည်ဆောက်မယ့် တရုတ်ရဲ့အစီအမံ
please wait

No media source currently available

0:00 0:03:43 0:00

အီရတ် နိုင်ငံမှာ စာသင်ကျောင်း အသစ် ၁၂,၀၀၀ လိုအပ်နေတယ်လို့ အစိုးရက ပြောဆိုထားပြီး တရုတ်အပါအဝင် ပြည်ပ နိုင်ငံတွေက အကူအညီကို ရှာဖွေနေတာ ဖြစ်ပါတယ်။

အစ္စလာမ္မစ်အစွန်းရောက် IS ကို အောင်ပွဲဆင်နိုင်ပြီ ဖြစ်ကြာင်း အီရတ်က ကြေညာခဲ့တာ ၅ နှစ်ကျော် ရှိလာပြီဖြစ်ပေမဲ့ နိုင်ငံရဲ့ ဒေသအများအပြားကတော့ စစ်ဒဏ်ကနေ ပြန်ပြီး နာလန်မထူသေးပါဘူး။ နိုင်ငံမှာ စာသင်ကျောင်း အသစ် ၁၂,၀၀၀ လိုအပ်နေတယ်လို့ အစိုးရက ပြောဆိုထားပြီး တရုတ်အပါအဝင် ပြည်ပ နိုင်ငံတွေက အကူအညီကို ရှာဖွေနေတာ ဖြစ်ပါတယ်။ သဘောတူညီချက်တွက သေချာ ရေရာမှု မရှိပေမဲ့လည်း အီရတ်တွေကတော့ ကျောင်းသစ်တွေ ရရှိရေးကိုသာ စိတ်အားထက်သန်နေကြပါတယ်။ Namo Abdullah ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက်ကတင်ပြပေးထားပါတယ်။

XS
SM
MD
LG