သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ကနေဒါနယ်စပ်တံတားပေါ် ကားပေါက်ကွဲမှု နှစ်ဦးသေဆုံး


Border Crossing Explosion
Border Crossing Explosion

နိုင်ရာဂရာရေတံခွန်အနီးက အမေရိကန်နဲ့ကနေဒါ နယ်စပ်တံတား၊ အမေရိကန်ဘက်က စစ်ဆေးရေးဂိတ်မှာ ကားတစီးပေါက်ကွဲခဲ့ပြီး ကားပေါ်ပါ သူ အနည်းဆုံးလူနှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ အေပီသတင်းက ဆိုပါတယ်။ အဲဒီ နယ်စပ်ဖြတ်လမ်းကိုလည်း ပိတ်ထားလိုက်ပါတယ်။

နိုင်ရာဂရာ မြစ်ကူး သက်တန့်တံတားပေါ် က ‌ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေပါတယ်လို့ အမေရိကန်ဘက် ဘတ်ဖဲလိုးမြို့ BUFFALO ဖက်ဒရယ် စုံစမ်းထောက်လှမ်းရေး ဗျူရို FBI က ထုတ်ပြန်ချက် မှာ ပြောပါတယ်။ ပေါက်ကွဲရတဲ့အကြောင်းရင်းကို မသိရသေးပေမဲ့ ၂ နိုင်ငံလုံးက သတိနဲ့ စောင့်ကြည့်နေကြပါတယ်။

တာဝန်ရှိသူတွေက ဒါကို အတိုင်းထက်အလွန် လေးလေးနက်နက် သဘောထားတယ်လို့ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စ်တင် ထရူးဒိုး (Justin Trudeau ) က ပြောပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဒီကိစ္စ ဖြစ်ပေါ်တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့ အိမ်ဖြူတော် က ဆိုပါတယ်။

အမေရိကန်ဘက်ကနေ ကားတစီးဟာ အရှိန်ပြင်းပြင်းနဲ့ တံတားဆီကိုမောင်းလာပြီး အခြားကားတစီးကိုရှောင်၊ အတားအဆီးတွေ ကိုဝင်တိုက် ပေါက်ကွဲ၊ လေထဲကိုခုန်တက်သွားတာတွေ့ရတယ်လို့ မျက်မြင်တွေ့လိုက်တယ်လို့ဆိုသူ မိုက် ဂူအင်န်သာ (Mike Guenther) က WGRZ-TV ကို ပြောပါတယ်။ မီးလုံးက ပေ ၃၀-၄၀ အထိ တက်သွားတယ်လို့ သူက ပြောပါတယ်။

အဆိုပါတံတားနဲ့ အခြား နယူးယောက်ပြည်နယ်အနောက်ပိုင်းနဲ့ ကနေဒါ အွန်တာရီယိုပြည်နယ်ကြား နယ်စပ်ကူးလမ်း ၃ ခုကိုလည်း အလျင်အမြန် ပိတ်လိုက်ပြီး Buffalo-Niagara လေဆိပ်မှာတော့ ကားအားလုံးကို လုံခြုံရေးအရ စစ်ဆေးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG