သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အစ္စရေးတပ်ဖွဲ့က မှားယွင်းပစ်ခတ်လို့ ဓားစာခံ (၃) ဦးသေဆုံး


ဂါဇာမှာ အစ္စရေးဓားစာခံ သုံးဦးကို မှားယွင်းသတ်ဖြတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ကြေညာပြီးနောက် တဲလ်အဗစ်က ဆန္ဒပြပွဲမြင်ကွင်း။ ဒီဇင်ဘာ ၁၅၊ ၂၀၂၃။ ဓာတ်ပုံ - REUTERS/Violeta Santos Moura
ဂါဇာမှာ အစ္စရေးဓားစာခံ သုံးဦးကို မှားယွင်းသတ်ဖြတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ကြေညာပြီးနောက် တဲလ်အဗစ်က ဆန္ဒပြပွဲမြင်ကွင်း။ ဒီဇင်ဘာ ၁၅၊ ၂၀၂၃။ ဓာတ်ပုံ - REUTERS/Violeta Santos Moura

ဂါဇာမှာ အစ္စရေးတပ်ဖွဲ့က မှားယွင်းပစ်ခတ်လို့ ဟားမတ်စ်အဖွဲ့က ဖမ်းထားတဲ့ ဓားစာခံ (၃) ဦးသေဆုံးသွားကြောင်း အစ္စရေး စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့မှာ အတည်ပြုပြီး ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုမှာလည်း “ပွင့်လင်းမြင်သာမှု အပြည့်ရှိမယ်” လို့ ပြောကာ မိသားစုတွေအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ အမည်က Yotam Haim၊ Samer Al-Talalka နဲ့ Alon Shamriz တို့ဖြစ်ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက ကပြောပါတယ်။ ဂါဇာက စစ်ဆင်ရေးတခု အတွင်းက ဓားစာခံသုံးဦးကို အန္တရာယ် ရှိသူတွေ အဖြစ် မှားယွင်းယူဆမိခဲ့လို့ အစ္စရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အစ္စရေး-ဟားမတ်(စ်) စစ်ပွဲနဲ့ အာဆီယံ အခြေအနေ (သုတေသီတဦး သုံးသပ်ချက်)
please wait

No media source currently available

0:00 0:06:29 0:00

တချိန်တည်းမှာပဲ အစ္စရေးကို ရောက်နေတဲ့ အမေရိကန်က အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ကတော့ နေရာအများအပြား လွှမ်းခြုံပြီး ဗုံးကြဲတိုက်ခိုက်တာနဲ့ မြေပြင်စစ်ဆင်ရေးတွေ ဖော်ဆောင်တာထက် ဂါဇာထဲက ဟားမတ်စ်ခေါင်းဆောင်တွေကို ပိုပြီး တိတိကျကျနဲ့ ပစ်မှတ်ထားတိုက်ခိုက်ဖို့ အစ္စရေးကို အမေရိကန်က တိုက်တွန်းထားကြောင်း သောကြာနေ့မှာ ပြောပါတယ်။

“ခေါင်းဆောင်မှုကို ပစ်မှတ်ထားပြီး ထောက်လှမ်းရေး သတင်းတွေအရ စစ်ဆင်ရေးတွေကို ပိုပြီးတိကျတဲ့ နည်းလမ်းတွေနဲ့ လုပ်မယ့် စစ်ပွဲရဲ့ နောက်ထပ် အဆင့် ပုံစံ ကူးပြောင်းသွားဖို့ ရှိတယ်” လို့ အစ္စရေး ခရီးစဥ်အတွင်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ “ဒီလိုဖြစ်လာတဲ့အခါ အခြေအနေ အသေးစိတ်တွေကို အမေရိကန်နဲ့ အစ္စရေးတို့ကြား အကြိတ်အနယ် ဆွေးနွေးမှုတွေ ဖြစ်လာမှာပါ” လို့လည်း Sullivan က ပြောပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ကတော့ ဟားမတ်စ်အပေါ် စစ်ဆင်ရေးတွေက လနဲ့ချီ ကြာဦးမှာ ဖြစ်ကြောင်း ကြာသပတေးနေ့က ထုတ်ပြောထားပြီး အဆုံးမှာ သူတို့ အနိုင်ယူပြီး ဟားမတ်စ်ကို ချေမှုန်းနိုင်မယ်လို့ ဆိုပါတယ်။

ဂါဇာမှာ အစ္စရေးတပ်ဖွဲ့က မှားယွင်းပစ်ခတ်လို့ ဓားစာခံ (၃) ဦးသေဆုံး
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG