သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ဂါဇာစစ်ဆင်ရေးအချိန်ယူရမည်”အစ္စရေးကာကွယ်ရေးဝန်ကြီး


အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာဗ် ဂဲလင်န့် (Yoav Gallant
အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာဗ် ဂဲလင်န့် (Yoav Gallant

လက်ရှိအဆင့် ဟားမတ်စ် စစ်သွေးကြွတွေအပေါ် စစ်ဆင်ရေးက အချိန်ယူရပါလိမ့်မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောပါတယ်။ အရပ်သားတွေ အသေအပျောက်များလာတာကြောင့် စစ်ကိုရပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ အာရပ်နိုင်ငံတွေက ဖိအားတွေပေးနေပေမဲ့ မစ္စတာ ယိုအာဗ် ဂဲလင်န့် (Yoav Gallant) က ခုလို ပြောလိုက်တာဖြစ်ပါတယ်။

အေပီသတင်းဌာနနဲ့လုပ်တဲ့ အင်တာဗျူးမှာ စစ်ရဲ့နောက်ဆုံးရက် သတ်မှတ်ပေးဖို့လည်း သူက ငြင်းဆိုလိုက်ပါတယ်။ လာမယ့်အဆင့်ကတော့ ဟိုနားဒီနား ခုခံနေတာတွေကို တိုက်ခိုက်ရတာဖြစ်လိမ့်မယ်လို့ မစ္စတာ ဂဲလင့်န်ကပြောပါတယ်။ ဂါဇာမြောက်ပိုင်းမှာ ဒီ အခြေအနေကို ရောက်ရှိသွားပေမဲ့ တောင်ပိုင်းကတော့ မရောက်သေးကြောင်း ပြောပါတယ်။

ကျောင်းတွေ၊ လမ်းတွေနဲ့ ဆေးရုံတွေအောက်မှာ လှိုဏ်ခေါင်းကွန်ယက်ကိုတည်ထားခဲ့တဲ့အတွက် အရပ်သားတွေ သေဆုံးရတာကို အစ္စရေး ကာကွယ်ရေးဝန်ကြီးက ဟားမတ်စ်အပေါ် အပြစ်ဖို့လိုက်ပါတယ်။

ဟားမတ်စ်အုပ်စုရဲ့ တိုက်အားလေးပုံတစ်ပုံ စစ်သွေးကြွအယောက် ၇,၀၀၀ စစ်အတွင်း သေဆုံးသွားခဲ့ပြီလို့ အစ္စရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ၅၀၀ ကို အရင်လက ဂါဇာမှာ ဖမ်းဆီးခဲ့ပါတယ်။ အစ္စရေး စစ်သား ၁၀၄ ယောက် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဖမ်းဆီးထားတဲ့ ဓားစာခံ ၁၁၇ ယောက်နဲ့ စစ်အစမှာ သေဆုံးသွားတဲ့အယောက် ၂၀ ရဲ့ ရုပ်အလောင်းတွေက ဟားမတ်စ် စစ်သွေးကြွတွေရဲ့ လက်ထဲမှာ ရှိနေဆဲဖြစ်ပါတယ်။

“ဂါဇာစစ်ဆင်ရေးအချိန်ယူရမည်”အစ္စရေးကာကွယ်ရေးဝန်ကြီး
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG