သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်းကို အစ္စရေးတိုက်ခိုက်


Smoke rises after an Israeli airstrike in Gaza, after a temporary truce between Israel and the Palestinian Islamist group Hamas expired, as seen from southern Israel
Smoke rises after an Israeli airstrike in Gaza, after a temporary truce between Israel and the Palestinian Islamist group Hamas expired, as seen from southern Israel

အစ္စရေးနဲ့ ဟာမတ်စ်အကြားက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်သွားခဲ့ပြီးတဲ့နောက် ၂ ရက်မြောက်နေ့အဖြစ်နဲ့ နှစ်ဘက်တိုက်ပွဲတွေ အပြန်အလှန်ဖြစ်ပေါ်နေတာမှာ အစ္စရေးက ဂါဇာကမ်းမြောင်ကို ဗုံးကျဲတိုက်ခိုက်မှုတွေ ဒီကနေ့ အရှိန်မြင့် လုပ်ဆောင်နေပါတယ်။

ဂါဇာကမ်းမြောင် တောင်ဘက်ပိုင်းမှာရှိတဲ့ Khan Yunis မြို့က ဟာမတ်စ်တို့ရဲ့ ပစ်မှတ် ၅၀ ကျော်ကို အစ္စရေးက လေကြောင်း၊ ရေကြောင်းနဲ့ ကြည်းတပ်တို့ကပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း အစ္စရေး စစ်ဘက်အရာရှိတွေက ဒီကနေ့ ပြောပါတယ်။ ဂါဇာကမ်းမြောင် မြောက်ဘက်ပိုင်းကိုလည်း အစ္စရေးတို့က တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြန်လည် စတင်တဲ့ ၂ ရက်အတွင်းမှာ ပစ်မှတ်ပေါင်း ၄၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပထမနေ့က အစ္စရေးတို့ရဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၈၄ ယောက် သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအရာရှိတွေက ပြောဆိုပြီး နောက်တနေ့ ဒီကနေ့မှာ တိုက်ခိုက်မှုတွေကို အစ္စရေးတို့က အရှိန်မြင့် လုပ်ဆောင်တာဖြစ်ပါ။

ဆီးရီးယားနိုင်ငံမြို့တော် Damascus အနီးကိုလည်း အစ္စရေးက လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယား ကာကယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေးရဲ့ ဒုံးကျည်အများစုကို သူတို့ဘက်က ပစ်ချနိုင်ခဲ့တယ်လို့ ဆီးရီးယား ကာကွယ်ရေးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဆီးရီးယား သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

XS
SM
MD
LG