သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 အစ္စရေး-ဟာမတ်စ် အပစ်ရပ် ၆ ရက်မြောက်နေ့မှာ ဓားစာခံတွေ ထပ်လွှတ်ဖို့ရှိ 


အစ္စရေး-ဟာမတ်စ် ဓားစာခံတွေနဲ့ အကျဉ်းသားတွေကို ထပ်မံလွှတ်ပေးဖို့ရှိနေ
အစ္စရေး-ဟာမတ်စ် ဓားစာခံတွေနဲ့ အကျဉ်းသားတွေကို ထပ်မံလွှတ်ပေးဖို့ရှိနေ

အစ္စရေးနဲ့ဟာမတ်စ်တို့ကြား ယာယီအပစ်အခတ်ရပ်စဲရေးဟာ ဒီနေ့ဆိုရင် ၆ ရက်မြောက်နေ့ကို ရောက်လာပြီ ဖြစ်သလို ဓားစာခံတွေနဲ့ အကျဉ်းသားတွေကို ထပ်မံလွှတ်ပေးဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အစ္စရေး၊ ကာတာ၊ အီဂျစ်တို့နဲ့ အတူ အပစ်ရပ်ရေး နောက်ထပ် သက်တမ်းတိုးဖို့ကြိုးစားနေတယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ John Kirby ကသတင်းထောက် တွေကို ပြောပါတယ်။

ဂါဇာမှာ ထိန်းသိမ်းခံနေရတဲ့ အစ္စရေး ၁၀ ဦးနဲ့ နိုင်ငံခြားသားနှစ်ဦးပါတဲ့ ဓားစာခံ စုစုပေါင်း ၁၂ဦးကို ဟာမတ်စ်တို့က မနေ့က ပြန်လွတ်ပေးခဲ့တယ်လို့ အစ္စရေးစစ်တပ်ဘက်ကပြောပါတယ်။ ပြန်လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲက တယောက်ဖြစ်တဲ့ Ruba Asi ကတော့ သူ့မှာ ပြောမပြတတ်အောင်ခံစားနေရကြောင်း၊ လွတ်လပ်မှုဟာ ကမ္ဘာပေါ်မှာ အလှပဆုံး ခံစားမှုတခုဖြစ်ကြောင်းနဲ့ အကျဉ်းသားအဖြစ် အဖမ်းခံရပြီးကတည်းက ပြန်လွတ်မယ့်ရက်ကို မျှော်နေမိတယ်လို့ ပြောပါတယ်။

အခု သူလွတ်မြောက်လာတာဟာ ပြည့်စုံတဲ့လွတ်မြောက်မှုမဟုတ်ကြောင်းနဲ့ အကျဉ်းသားအားလုံးမွေးရပ်မြေကို ပြန်ရောက်လာမှသာ ပြီးပြည့်စုံနိုင်မယ်လို့လည်းပြောပါတယ်။ ဒီသုံ့ပန်းလွှတ်ပေးတဲ့ အစီအစဉ်မှာ အစ္စရေးဘက်က ပါလက်စတိုင်း အကျဉ်းသား ၃၀ ကိုလွှတ်ပေးခဲ့တယ်လို့ ပါလက်စတိုင်းအကျဉ်းသားများအသင်းက ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း အစ္စရေး-ဟာမတ်စ် ပဋိပက္ခအရေးအတွက် သံတမန်ရေးအရ ဆွေးနွေးမှုတွေကို ဒီနေ့ ပြုလုပ်ဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG