သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟားမတ်စ်အပစ်ရပ်မှု နောက်ထပ်နှစ်ရက်တိုးချဲ့


ဟားမတ်စ်တွေ ဖမ်းသွားပြီး ပြန်လွှတ်ပေးလိုက်တဲ့ အစ္စရေးဓားစာခံတွေကိုသယ်လာတဲ့ ဂါဇာကမ်းမြောင်ဒေသက ရာမက် ဂန်မြို့၊ ရှီဘာကျန်းမာရေးဌာနကို ရောက်လာစဥ်။ (နိုဝင်ဘာ ၂၆၊ ၂၀၂၃)
ဟားမတ်စ်တွေ ဖမ်းသွားပြီး ပြန်လွှတ်ပေးလိုက်တဲ့ အစ္စရေးဓားစာခံတွေကိုသယ်လာတဲ့ ဂါဇာကမ်းမြောင်ဒေသက ရာမက် ဂန်မြို့၊ ရှီဘာကျန်းမာရေးဌာနကို ရောက်လာစဥ်။ (နိုဝင်ဘာ ၂၆၊ ၂၀၂၃)

အစ္စရေး ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ၂ ရက်တိုးချဲ့ဖို့ သဘောတူလိုက်ကြတယ်လို့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျစ် အယ်လ် အန်ဆာရီ (Majid Al Ansary) က X လူမှု စာမျက်နှာပေါ် မှာ ကြေညာလိုက်ပါတယ်။

သောကြာနေ့မှာ စခဲ့တဲ့ ၄ ရက်ကြာ အပစ်ရပ်ရေးရဲ့နောက်ဆုံးရက် တနင်္လာနေ့မှာ ခုလို ကြေညာနိုင်ခဲ့တာဖြစ်ပါတယ်။ ဓားစာခံတယောက်လွှတ်ပေးတိုင်း အပစ်အခတ်ရပ်စဲရေးတရပ် ထပ်တိုးမယ်လို့ အစ္စရေးက ပြောထားခဲ့ပါတယ်။ မူလ နှစ်ဘက် သဘောတူညီထားချက်အတိုင်း နောက်ထပ် နှစ်ရက်ထပ်တိုးမှာကို ဟားမတ်စ် အဖွဲ့ကလည်း အတည်ပြုပါတယ်။

ဒါပေမဲ့ ဟားမတ်စ်ရဲ့ စစ်ရေးစွမ်းရည်ကို ချေမှုန်းရေးနဲ့ ဂါဇာမှာ ဟားမတ်စ်ရဲ့ ၁၆ နှစ်ကြာအုပ်ချုပ်ရေး အဆုံးသတ်ရေးတို့ကို ဆက်လက် ဆောင်ရွက်မှာဖြစ်တယ်လို့ အစ္စရေးက ဆိုပါတယ်။ တကယ်လို့ ဟားမတ်စ် က နောက်ထပ် ဓားစာခံအဖြစ် ဖမ်းဆီးထားသူတွေကို ထပ်လွှတ်ဖို့ သဘောမတူဘူးဆိုရင် လက်ရှိ သဘောတူညီချက် ပြီးဆုံးသွားတာနဲ့ အင်အားပြည့် ထိုးစစ်ကို ပြန်လည်ဆင်နွှဲမှာဖြစ်တယ်လို့ အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ အေလွန် လီဗီ (Eylon Levy) က သတင်းထောက်တွေကို တနင်္လာနေ့က ပြောပါတယ်။

တနင်္လာနေ့ နှောင်းပိုင်းအထိ ဟားမတ်စ်က လွှတ်ပေးတာ အစ္စရေး ၃၉ ယောက်အပါအဝင် ဓားစာခံ ၅၈ ယောက် ရှိပါတယ်။ အစ္စရေးကလွှတ်ပေးတဲ့ ပါလက်စတိုင်းအကျဥ်းသားအများစုကတော့ ဆယ်ကျော်သက်တွေ ဖြစ်ပြီး အစ္စရေးတပ်တွေကို ခဲနဲ့ပစ်တဲ့အမှုလို အရေးမကြီးလှတဲ့အမှုတွေနဲ့ အရေးယူခံထားရသူတွေ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG