သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓားစာခံ တတိယအသုတ် ပြန်လွှတ်ဖို့ ဟားမတ်စ်အဖွဲ့ စီစဉ်


TOPSHOT - An image distributed by the Schneider Children Medical Centre shows Yoni Asher being reunited with his children Aviv, 2.5 years old, her sister Raz, 4.5 years old, and his wife Doron, on November 25, a day after they were released by Hamas in a
TOPSHOT - An image distributed by the Schneider Children Medical Centre shows Yoni Asher being reunited with his children Aviv, 2.5 years old, her sister Raz, 4.5 years old, and his wife Doron, on November 25, a day after they were released by Hamas in a

ဟားမတ်စ်အဖွဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက ဒီကနေ့နှောင်းပိုင်းမှာ လွှတ်ပေးဖို့ စီစဉ်ထားတဲ့ လူစာရင်းကို လက်ခံရရှိခဲ့ကြောင်း အစ္စရေးက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲထားတာ ၄ ရက်မြောက်နေ့မှာ တတိယအသုတ်အဖြစ် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ စီစဉ်နေကြတာပါ။

ဟားမတ်စ်တွေထံက ရရှိထားတဲ့ စာရင်းကို လုံခြုံရေးတာဝန်ရှိသူတွေ စစ်ဆေးနေပြီး၊ သက်ဆိုင်ရာ မိသားစုဝင်တွေကိုလည်း အကြောင်းကြားထားတယ်လို့ အစ္စရေး ဓားစာခံတွေနဲ့ ပျောက်ဆုံးနေသူတွေအရေး ညှိနှိုင်းဆောင်ရွက်ရေးရုံးက ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ ဖမ်းဆီးခံ အစ္စရေး ၁၃ ယောက်နဲ့ ထိုင်း ၄ ယောက်၊ စုစုပေါင်း ဓားစာခံ ၁၇ ယောက်ကိုတော့ မနေ့နှောင်းပိုင်းမှာပဲ ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးခဲ့တာပါ။ ဟားမတ်စ်က ဓားစာခံ ဒုတိယအသုတ် ပြန်လွှတ်ပေးပြီး သိပ်မကြာခင်မှာ ဒီကနေ့ တနင်္ဂနွေနေ့အစောပိုင်းမှာပဲ အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသား ၃၉ ယောက်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။

ဖမ်းဆီးထားသူတွေကို အပြန်အလှန်လဲလှယ်ဖို့ သဘောတူညီချက်ကို အစ္စရေးဖက်က ချိုးဖောက်တယ်ဆိုပြီး ဟားမတ်စ်တွေက စွပ်စွဲခဲ့ပြီးနောက် မနေ့တုန်းက ဓားစာခံတွေ ပြန်လွှတ်မယ့် အစီအစဉ်လည်း နာရီနဲ့ချီ နှောင့်နှေးခဲ့ရတာပါ။ အစ္စရေးကတော့ စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပြီး ကာတာနဲ့ အီဂျစ် တာဝန်ရှိသူတွေရဲ့ ကြားဝင်ဖြန်ဖြေမှုနဲ့ နောက်ပိုင်း သန်းခေါင်အချိန်လောက်မှာ ဓားစာခံတွေကို ဟားမတ်စ်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။

XS
SM
MD
LG