သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားမတ်စ် ဖမ်းထားတဲ့ ဓါးစားခံတွေ ပြန်လွတ်လာရေး နီးစပ်လာ

ဟားမတ်စ်တွေလက်ထဲက အစ္စရေးဓါးစာခံတွေ ပြန်လွတ်ရေးနီးလာကြောင်းပြောတဲ့ အမေရိကန်သမ္မတ Joe Biden (နိုဝင်ဘာ ၂၁၊ ၂၀၂၃)
ဟားမတ်စ်တွေလက်ထဲက အစ္စရေးဓါးစာခံတွေ ပြန်လွတ်ရေးနီးလာကြောင်းပြောတဲ့ အမေရိကန်သမ္မတ Joe Biden (နိုဝင်ဘာ ၂၁၊ ၂၀၂၃)

ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေကို မကြာမီ အိမ်ပြန်ခေါ်နိုင်ဖို့ နီးနေပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အင်္ဂါနေ့က ပြောလိုက်ပါတယ်။ ဒါပေမဲ့ သမ္မတဘိုင်ဒန်က အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။

အပစ်ရပ်ကာလ၊ ဂါဇာကို အကူအညီပို့ပေးရေးအစီအစဥ်နဲ့ အစ္စရေးကဖမ်းထားတဲ့ ပါလက်စတိုင်းအကျဥ်းသားတွေနဲ့ ဓားစာခံတွေလဲလှယ်ရေးအကြောင်းတွေ ဆွေးနွေးနေကြောင်း ဟားမတ်စ်အဖွဲ့ခေါင်းဆောင် အစ္စမိုင်း ဟားနီးယဲက ရိုက်တာကို ပြောပါတယ်။ စစ်အတွင်း အထူးအစိုးရ အဖွဲ့ရဲ့ အဖွဲ့ဝင် ၃ ယောက် အင်္ဂါနေ့မှာစည်းဝေးခဲ့ပြီး လုံခြုံရေးအဖွဲ့နဲ့ အစိုးရအဖွဲ့တရပ်လုံး အစည်းအဝေးတွေ ဆက်လုပ်ခဲ့တယ်လို့ ဝန်ကြီးချုပ် နေတန်ရာဟု ရုံးက ပြောပါတယ်။ သဘောတူညီချက် အသေးစိတ်ကို ဘယ်ဘက်ကမှ မထုတ်ပြန်သေးပါဘူး။

ဒါပေမဲ့ အစ္စရေးမီဒီယာတွေမှာတော့ ဂါဇာမှာ အစ္စရေးထိုးစစ်ကို ငါးရက်ကြာရပ်ပြီး ဟားမတ်စ်က ဓားစာခံ ၅၀ ကို လွှတ်ပေးဖို့၊ အစ္စရေးက ပါလက်စတိုင်းအကျဥ်းသား ၁၅၀ ကိုလွှတ်ပေးဖို့ သဘောတူကြတယ်လို့ ဖော်ပြနေကြပါတယ်။

ပထမဆုံး ဓားစာခံလွှတ်တာက ကြာသပတေး ဒါမှမဟုတ် သောကြာမှာဖြစ်လိမ့်မယ်လို့ အစ္စရေး ရုပ်သံ Channel ၁၂ က ပြောပါတယ်။ အစ္စရေးသတင်းတွေက ဖော်ပြချက်တွေကို သီးခြား အတည်ပြုလို့တော့ မရသေးပါဘူး။ ဒါပေမဲ့ အပစ်ရပ် သဘောတူညီချက် သက်တမ်းကို တိုးနိုင်တယ်လို့ အမည်မဖော်လိုတဲ့ အစ္စရေးတာဝန်ရှိသူတဦးက အေပီသတင်းဌာနကို ပြောပါတယ်။

ဟားမတ်စ် ဖမ်းထားတဲ့ ဓါးစားခံတွေ ပြန်လွတ်လာရေး နီးစပ်လာ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG