သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသမှာ ပထမဆုံးအကြိမ် အစ္စရေး မြေပြင်ထိုးစစ်ဆင်

အစ္စရေးတပ်စွဲထားတဲ့ Golan Heights ဒေသအတွင်း စစ်ရေးလေ့ကျင့်နေတဲ့ အစ္စရေးစစ်သားများကိုတွေ့ရစဉ် (အောက်တိုဘာ ၂၅၊ ၂၀၂၃)
အစ္စရေးတပ်စွဲထားတဲ့ Golan Heights ဒေသအတွင်း စစ်ရေးလေ့ကျင့်နေတဲ့ အစ္စရေးစစ်သားများကိုတွေ့ရစဉ် (အောက်တိုဘာ ၂၅၊ ၂၀၂၃)

ဂါဇာဒေသမြောက်ပိုင်းကို ကြာသပတေးနေ့ညက အစ္စရေး စစ်တပ်ဝင်ရောက်ပြီး ဟာမတ်စ်စစ်သွေးကြွပစ်မှတ်တော်တော်များများကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောကြားပါတယ်။ သီတင်း ၂ ပတ်ကျော်ကြာသွားပြီဖြစ်တဲ့ စစ်ပွဲမှာ အစ္စရေးစစ်တပ်က ကုန်းကြောင်းကနေ ပထမဆုံးဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်။ စစ်ပွဲနောက်တဆင့်တက်ဖို့ ပြင်ဆင်တဲ့ စစ်ဆင်ရေးဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဌာနပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

တင့်ကားတွေနဲ့ စစ်ကူယူပြီး ဂါဇာဒေသမြောက်ပိုင်းကို အကန့်အသတ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်၊ အစ္စရေးတပ်တွေဖက်က အကြမ်းဖက်သမားတွေကို သုတ်သင်နိုင်ခဲ့သလို ဟာမတ်စ်တို့ရဲ့ အခြေခံအဆောက်အအုံတွေကိုလည်း ဖျက်စီးနိုင်ခဲ့ပါတယ်။ စစ်ပွဲနောက်တဆင့်အတွက် ပြင်ဆင်တဲ့အနေနဲ့ ဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်လို့ ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari ကပြောကြားခဲ့တာဖြစ်ပါတယ်။ ညလုံးပေါက်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်တွေ ဂါဇာဒေသကနေ ချက်ချင်း တပ်ပြန်ဆုတ်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်ထဲက ဟာမတ်စ်စစ်သွေးကြွတွေ ဖမ်းဆီးသွားတဲ့ ဓါးစာခံ ၂၂၄ ယောက် ကျန်နေသေးတယ်လို့လည်း သူကပြောပါတယ်။ စစ်ဆင်ရေးမှာ အရပ်သားထိခိုက်မှုနည်းအောင် ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းက ပါလက်စတိုင်းတွေကို တောင်ဘက်ကို ရွှေ့ပြောင်းခိုင်းထားပါတယ်။ ဒါပေမဲ့ ပြေးစရာမြေမရှိသူတွေအတွက် အစ္စရေးတို့ရဲ့ ကြိုတင်သတိပေးမှုက အလကားပဲလို့ ပါလက်စတိုင်းပိုင်နက်ဒေသဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Lynn Hastings က ဒီနေ့ကြာသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ ပါလက်စတိုင်းပြည်သူတွေအတွက် ဂါဇာဒေသထဲမှာ လုံခြုံတဲ့နေရာ မရှိဘူးလို့ သူက ဖော်ပြပြောဆိုပါတယ်။

အောက်တိုဘာ ၇ ရက်က ဟာမတ်စ်စစ်သွေးကြွတွေဘက်က အငိုက်ဖမ်း တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၄၀၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။ အစ္စရေးတို့ဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းဘက်မှာ ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူ ၆ ထောင်ထက်မနည်း ရှိသွားပြီလို့ ဂါဇာကမ်းမြောင်ကို အုပ်ချုပ်တဲ့ ဟာမတ်စ်အဖွဲ့ဘက်က ပြောပါတယ်။ ဒီအရေအတွက်ကို အမေရိကန်တာဝန်ရှိသူတွေနဲ့ အစ္စရေးတို့ကတော့ မေးခွန်းထုတ်နေကြပါတယ်။ ဟာမတ်စ်အဖွဲ့ကို အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဂါဇာဒေသမှာ ပထမဆုံးအကြိမ် အစ္စရေး မြေပြင်ထိုးစစ်ဆင်
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG