သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကို အစ္စရေးမြေပြင်ထိုးစစ် ဆိုင်းငံ့ထားဖို့ ကန်တိုက်တွန်း


ဂါဇာမြို့မှာ အစ္စရေးလေကြာင်းတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရ ပါလက်စတိုင်းပြည်သားတဦးကို အယ်လ် ရှီဖာ ဆေးရုံမှာ ဆေးထည့်ပေးနေစဥ်။ (အောက်တိုဘာ ၂၃၊ ၂၀၂၃)
ဂါဇာမြို့မှာ အစ္စရေးလေကြာင်းတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရ ပါလက်စတိုင်းပြည်သားတဦးကို အယ်လ် ရှီဖာ ဆေးရုံမှာ ဆေးထည့်ပေးနေစဥ်။ (အောက်တိုဘာ ၂၃၊ ၂၀၂၃)

ဟားမတ်စ်အဖွဲ့ က ဖမ်းဆီးထားတဲ့ လူ ၂၀၀ ကျော် လွတ်မြောက်ရေးဆွေးနွေးဖို့ အချိန် ပိုရအောင် ဂါဇာကိုမြေပြင်ထိုးစစ်ဆင်နေတာဆိုင်းထားဖို့ အမေရိကန်က တိုက်တွန်းထားပေမဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက တနင်္လာနေ့ မှာ လေကြောင်းက အကြိမ် ၃၀၀ ကျော် တိုက်ခိုက်ခဲ့ပါတယ်။

တနင်္လာနေ့မှာ အသက်အရွယ်ကြီးသူ အစ္စရေး ၂ ယောက်ကို ထပ်လွှတ်လိုက်တဲ့အတွက် ဖမ်းထားသူ ၂၀၀ ကျော်အနက် ဟားမတ်စ်က လွှတ်ပေးခဲ့တာ ၄ ယောက် ရှိသွားပါပြီ။ ဂါဇာမှာ စစ်သွေးကြွတွေက နှစ်ပေါင်းများစွာတည်ဆောက်ထားခဲ့ကြတဲ့ မြေအောက်လှိုဏ်ခေါင်းတွေထဲမှာ ဖမ်းဆီးခံရသူတွေ ရှိနေတယ်လို့ တချို့က ယုံကြည်ထားကြတာကြောင့် ညှိနှိုင်းဆွေးနွေးနေတာကို ရှုပ်ထွေးသွားစေနိုင်ပါတယ်။

ဒေသတွင်း မိတ်ဘက်တွေရဲ့အကူအညီနဲ့ အမေရိကန်က သူတို့လွတ်မြောက်ရေးကို အားထုတ်နေပေမဲ့ ခုထိတော့ ရလဒ် မရသေးပါဘူး။ ဖမ်းဆီးထားသူတွေကို လွှတ်ပေးပြီးမှ စကားပြောနိုင်မယ်လို့ အမေရိကန်သမ္မတဘိုင်ဒန်က တနင်္လာနေ့မှာ ပြောပါတယ်။ ဂါဇာနယ်စပ်မှာ အစ္စရေးက တပ်သား ၃ သိန်းချထားပြီး မကြာမီ မြေပြင်ထိုးစစ်ဆင်မယ်လို့ ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂဲလင့်န် (Yoav Gallant) က အရင်အပတ်က ပြောခဲ့ပေမဲ့ ထိုးစစ်ဆင်မယ့်ရက်ကိုတော့ မပြောခဲ့ပါဘူး။

ဂါဇာမှာ ခုထိ လူပေါင်း ၅,၀၈၇ ယောက် အနည်းဆုံးသေဆုံးခဲ့ပြီး ၁၅,၂၇၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG