သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အငတ်ဘေးကြုံမယ့်အခြေအနေ ရင်ဆိုင်နေရ


Palestinians recover the bodies of the al Meghari family killed in the Israeli bombardment of the Gaza Strip in Bureij refugee camp, Gaza Strip, Nov. 14, 2023.
Palestinians recover the bodies of the al Meghari family killed in the Israeli bombardment of the Gaza Strip in Bureij refugee camp, Gaza Strip, Nov. 14, 2023.

ဂါဇာဒေသထဲမှာရှိတဲ့ အရပ်သားတွေဟာ အငတ်ဘေးကြုံမယ့် အခြေအနေရင်ဆိုင်နေရပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အမှုဆောင်ဒါရိုက်တာ Cindy McCain က ပြောကြားလိုက်ပါတယ်။ ဂါဇာမှာ အစားအသောက်နဲ့ သောက်သုံးရေ လုံးဝ မရှိသလောက်ဖြစ်နေပြီး၊ လိုအပ်နေတာရဲ့ အစိတ်အပိုင်းလေးလောက်ပဲ နယ်စပ်ကနေ ရောက်လာနေတယ်လို့ WFP အကြီးအကဲက ကြာသပတေးနေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လူ့အသက်တွေ ကယ်ဆယ်နိုင်ဖို့ နောက်ထပ်ပို့ဆောင်ပေးနိုင်မယ့် လမ်းကြောင်းပွင့်လာဖို့ဆိုတဲ့ မျှော်လင့်ချက်ပဲ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။ Hamas စစ်သွေးကြွတွေရဲ့ အောက်တိုဘာ ၇ ရက်နေ့က တိုက်ခိုက်မှု လုပ်ခဲ့ပြီးထဲက ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတို့က ပိတ်ဆို့ထားပြီး နိုင်ငံတကာကြားဝင်မှုကြောင့် အီဂျစ်နဲ့နယ်စပ်ဖြစ်တဲ့ Rafah နယ်စပ်ဂိတ်တခုထဲကနေ လူသားချင်းစာနာတဲ့ အကူအညီတွေ အကန့်အသတ်နဲ့ ပို့ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသက အရပ်သားတွေကို လူသားချင်းစာနာတဲ့ အကူအညီပေးနိုင်အောင် ယာယီအပစ်အခတ်ရပ်ဖို့ တောင်းဆိုမှုတွေတွေလည်း နိုင်ငံတကာမှာ ထွက်ပေါ်နေပါတယ်။ တချိန်ထဲမှာပဲ ဂါဇာမြို့က Shifa ဆေးရုံထဲမှာ အစ္စရေးစစ်တပ်က စီးနင်းရှာဖွေမှုတွေကို ဒီနေ့လည်း ဆက်လုပ်နေပါတယ်။ ဆေးရုံမျက်နှာချင်းဆိုင်မှာ အောက်တိုဘာ ၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရသူ အစ္စရေး တပ်ဖွဲ့ဝင်အမျိုးသမီးတယောက်ရဲ့ အလောင်းကို ရှာတွေ့တယ်လို့ အစ္စရေးစစ်တပ်နဲ့ သူ့ရဲ့မိသားစုတွေက ပြောပါတယ်။

ဂါဇာဒေသတောင်ပိုင်းက မြို့ ၄ မြို့က ပါလက်စတိုင်းတွေကို ဘေးလွတ်ရာသွားကြဖို့လည်း အစ္စရေးက သတိပေးထားတာကြောင့် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းကို လက်ရှိစစ်ဆင်နေတဲ့ အစ္စရေးစစ်တပ်က တောင်ပိုင်းအထိ စစ်ဆင်ရေးတိုးချဲ့မယ့်ပုံရတယ်လို့ တွက်ချက်နေကြပါတယ်။

XS
SM
MD
LG