သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓားစာခံတွေလွတ်‌မြောက်ရေး ဆွေးနွေးစေ့စပ်ဖို့ အစ္စရေးလ်မှာ ဆန္ဒပြ


People protest following an announcement by Israel's military that soldiers had mistakenly killed three Israeli hostages being held in Gaza by Palestinian Islamist group Hamas, in Tel Aviv, Israel, Dec. 15, 2023.
People protest following an announcement by Israel's military that soldiers had mistakenly killed three Israeli hostages being held in Gaza by Palestinian Islamist group Hamas, in Tel Aviv, Israel, Dec. 15, 2023.

ဓားစာခံတွေလွတ်‌မြောက်ရေး ဆွေးနွေးစေ့စပ်ဖို့ အစ္စရေးလ်မှာ ဆန္ဒပြ

ဟားမတ်စ်အဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုတွေဟာ စနေနေ့တုန်းက အစ္စရေး တယ်လယ်ဗီးမြို့တော်မှာ ဆန္ဒပြခဲ့ကြပြီး ဓါးစာခံတွေ လွတ်မြောက်ဖို့အတွက် အစ္စရေးအစိုးရအနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့တောင်းဆိုကြပါတယ်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂရီ Daniel Hagari သောကြာနေ့တုန်းကတော့ ဓါးစာခံ တွေမှန်း မသိတဲ့အတွက် ဂါဇာဒေသ Sheijaia မှာ မှားယွင်းပစ်ခတ်ခဲ့ကြောင်းနဲ့ ဓါးစာခံတွေ သေဆုံးခဲ့တဲ့အတွက်အစ္စရေး စစ်တပ်အနေနဲ့ အလွန် စိတ်မကောင်းဖြစ်မိကြောင်း၊ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ပြောဆိုခဲ့ပါတယ်။

အခုလို အချိန်မှာပဲ အစ္စရေး မော့ဆက် ထောက်လှမ်းရေးအကြီးအကဲဟာ ကာတာ ဝန်ကြီးချုပ်နဲ့ သောကြာနေ့နှောင်းပိုင်း ဥရောပမှာတွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေး၊ ပါလက်စတိုင်း အကျဉ်းသားနဲ့ ဓါးစာခံတွေ လဲလှယ်ရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။

စနေနေ့တုန်းကတော့ ဂါဇာဒေသမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေခဲ့ပြီး၊ ဂါဇာမြောက်ပိုင်းမှာ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်တာတွေအပြင်၊ လက်နက်ငယ်သံတွေလည်း ကြားရတယ်လို့ ဒေသခံ အရပ်သားတွေက ပြောပါတယ်။

Kyan Youni နဲ့ Rafa မြို့တွေကိုလည်း ညလုံးပေါက် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့သလို၊ တင့်ကားတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒါဇင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေ သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း သတင်းဌာနက စနေနေ့က ပြောဆိုပါတယ်။

အခုလိုအချိန်မှာပဲ အီရန်နိုင်ငံမှာ ဖမ်းဆီးထားတဲ့ အစ္စရေး မော့ဆက်ထောက်လှမ်းရေး အရာရှိတဦးကို စနေနေ့က ကွပ်မျက် လိုက်တယ်လို့ အီရန်အစိုးရပိုင် IRNA သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG