သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"၂၀၂၃ ခုနှစ်မှာ သတ်ဖြတ်ခံရသူ သတင်းသမား ၄၅ ဦးရှိ" - RSF


အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ကြားစစ်ပွဲတွေအတွင်း ဂါဇာကမ်းမြောင်က နယ်စပ်ရာဖာမြို့ လမ်းပေါ်မှာ သတင်းတင်ဆက်နေတဲ့ သတင်းထောက်များ (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ကြားစစ်ပွဲတွေအတွင်း ဂါဇာကမ်းမြောင်က နယ်စပ်ရာဖာမြို့ လမ်းပေါ်မှာ သတင်းတင်ဆက်နေတဲ့ သတင်းထောက်များ (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)

ကမ္ဘာတဝန်းမှာ ၂၀၂၃ ခုနှစ်အတွင်း သတင်း အလုပ်လုပ်ရင်း အသတ်ခံရတဲ့ သတင်းထောက်အရေအတွက်ဟာ ဒီဇင်ဘာ ၁ ရက်နေ့အထိ ၄၅ ယောက် ရှိတယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ RSF ကပြောကြားလိုက်ပါတယ်။ ၂၀၀၂ ခုနှစ်ထဲကဆိုရင် အနည်းဆုံးအရေအတွက်ကို ကျဆင်းသွားတာဖြစ်တယ်လို့ RSF ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လိုအပ်တဲ့လေ့ကျင့်သင်တန်းပေးမှုတွေ၊ အကာအကွယ်ပစ္စည်းတွေ၊ သတိရယူတဲ့နေရာမှာ သတိထားမှုတွေလို သတင်းထောက်တွေအတွက် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို သတင်းလုပ်ငန်းတွေက ပိုလုပ်လာတာ၊ တာဝန်ရှိသူတွေ အပြစ်ကင်းလွတ်နေတာကို ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်မှုတွေ၊ နိုင်ငံတကာအစိုးရတွေချင်း ချိတ်ဆက်ထားတဲ့ အဖွဲ့တွေ၊ အစိုးရအဖွဲ့မဟုတ်တဲ့ အဖွဲ့တွေရဲ့ ကြိုးပမ်းမှုတွေကြောင့် လုပ်ငန်းခွင်မှာသေဆုံးတဲ့သတင်းထောက်အရေအတွက် ကျဆင်းသွားတာဖြစ်တယ်လို့ RSF အတွင်းရေးမှူးချုပ် Christophe Deloire ကပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာတော့ အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ်စ်စစ်သွေးကြွအဖွဲ့ကြား စစ်ပွဲစတင်ခဲ့ချိန်ထဲက သတင်းအလုပ်လုပ်နေစဉ်သေဆုံးတဲ့ သတင်းထောက် ၁၃ ယောက်ထက်မနည်းရှိပြီး၊ လုပ်ငန်းခွင်တွင်းမဟုတ်ဘဲ သေဆုံးတဲ့ သတင်းထောက် စုစုပေါင်းဆိုရင်တော့ ၅၆ ယောက်အထိရှိနေတယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။ ၂၀၂၄ ခုနှစ် နှစ်သစ်စချိန် အကျဉ်းထောင်တွေထဲမှာ ဖြတ်သန်းရမယ့် သတင်းထောက်ပေါင်း ကမ္ဘာတဝန်းမှာ ၅၂၁ ယောက်ရှိနေလိမ့်မယ်လို့လည်း အစီရင်ခံစာထဲမှာ ထောက်ပြထားပါတယ်။ ကမ္ဘာမှာ သတင်းထောက်တွေကို ထောင်အချဆုံး တရုတ်နဲ့ မြန်မာအပြင် ဒီနှစ် ဘယ်လာရုစ် နိုင်ငံပါဝင်လာတယ်လို့ RSF ကပြောပါတယ်။ လက်ရှိမှာ သတင်းသမားနဲ့ သတင်းမီဒီယာလုပ်ငန်းလုပ်သူ စုစုပေါင်း ၁၂၁ ယောက်ကို ဖမ်းဆီးထောင်ချထားတဲ့ တရုတ်နိုင်ငံကတော့ ကမ္ဘာမှာ သတင်းသမားတွေကို ထောင်အချဆုံးနိုင်ငံအဖြစ် ဆက်ရှိနေပါတယ်။

အခုလို သတင်းသမားတွေနဲ့ သတင်းလွတ်လပ်ခွင့်အရေးဆောင်ရွက်နေတဲ့ RSF ရဲ့ အစီရင်ခံစာထွက်လာချိန်မှာပဲ Dawei Watch သတင်းဌာနက မြိတ်အခြေစိုက် သတင်းသမား ၂ ယောက်ဖြစ်တဲ့ ကိုအောင်ဆန်းဦးနဲ့ ကိုမျိုးမြင့်ဦးတို့ကို ဒီဇင်ဘာ ၁၁ ရက်က ဖမ်းဆီးသွားတယ်လို့ Dawei Watch ကသတင်းထုတ်ပြန်ပါတယ်။ သတင်းရေးသားမှုကြောင့် သူတို့ကိုဖမ်းဆီးတာဖြစ်တယ်လို့ လာရောက်ဖမ်းစဉ် ပြောကြားသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG