သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“စစ်အာဏာသိမ်းပြီး မြန်မာမီဒီယာ ၁၀နှစ်စာ ဆုတ်ယုတ် ” RSF အစီရင်ခံ


 RSF အညွှန်းကိန်း
RSF အညွှန်းကိန်း

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ဝေတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးဆုံး ၁၀ နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံဟာ တရုတ်၊ အီရန်၊ မြောက်ကိုရီးယားနိုင်ငံတွေနဲ့ အတူ အောက်ဆုံးမှာ ပါဝင်နေပါတယ်။ ၂၀၂၂ ညွန်းကိန်းမှာ အကဲဖြတ်တဲ့ နိုင်ငံပေါင်း (၁၈၀) အနက် အဆင့် ၁၇၆ ချိတ်ပြီး ၂၀၂၃ ညွန်းကိန်းမှာ အဆင့် ၁၇၃ ချိတ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့မီဒီယာ အခြေအနေက ၁၀ နှစ်စာလောက် နောက်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

အာရှတိုက်မှာလည်း တစ်ပါတီအစိုးရနဲ့ အာဏာရှင်တွေဟာ သတင်းနဲ့ မီဒီယာတွေကို ကန့်သတ်ချုပ်ချယ်မှု အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ထောင်အချဆုံး တိုင်ပြည်ဖြစ်တဲ့အပြင် မြန်မာနိုင်ငံကလည်း အလားတူ နောက်ကကပ်လိုက်နေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း အဆိုးရွားဆုံး သတင်းမှောင်ချထားသလို မြန်မာမီဒီယာသမားတွေဟာလည်း ထောင်သွင်းအကျဉ်းချတာ၊ ညှဉ်းပန်းနှိပ်စက်တာ ဒါမှမဟုတ် သတ်ဖြတ်တာတွေ ခံနေရတယ်လို့ RSF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၃ ဇန်နဝါရီ နောက်ပိုင်း သတင်းသမားထဲက သတ်ဖြတ်ခံရတဲ့ မှတ်တမ်းမရှိပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း အနည်းဆုံး သတင်းထောက် ၄ ယောက် သတ်ဖြတ်ခံခဲ့ရပြီး အဲဒီထဲက ၂ ယောက်ဟာ စစ်တပ်က ဖမ်းဆီးထားချိန်မှာ နှိပ်စက်လို့ သေဆုံးခဲ့ရပါတယ်။ သတင်းသမား ၁၃၀ ထက်မနည်းလည်း ဖမ်းဆီး ထောင်ချခံခဲ့ရပြီး လက်ရှိ အချိန်အထိ ထောင်ထဲမှာ အယောက် ၇၀ ဖမ်းဆီးခံနေရဆဲလို့ RSF ရဲ့ နောက်ဆုံးရ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။

ဒါ့ အပြင် RSF ရဲ့ အကြိမ် ၂၀ မြောက်ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ သတင်းအချက်အလက် မငြိမ်မသက်မှုနဲ့ လှုံ့ဆော်မှုတွေကြောင့် နိုင်ငံတွေမှာ အစွန်းနှစ်ဖက် ကွဲပြားမှုတွေက နှစ်ဆတိုးလာကြောင်းနဲ့ နိုင်ငံတကာ မျက်နှာစာမှာ သတင်းမီဒီယာတွေကြောင့် နိုင်ငံများကြား ကွဲပြားမှုတွေရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၂ အစီရင်စံမှာ သတင်းတုတွေနဲ့ သတင်းအချက်အလက် မငြိမ်မသက်မှုတွေရဲ့ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေကို မီးမှောင်းထိုးပြထားပြီး ဒီအခြေအနေက သတင်းအတုနဲ့ ဝါဒဖြန့်ချိ တာတွေကို ပိုပြီး အားပေးလှုံ့ဆော်နေတယ်လို့ ထောက်ပြထားပါတယ်။

သတင်းလွတ်လပ်ခွင့် အကောင်းဆုံး နိုင်ငံတွေကတော့ ဥရောပ မြောက်ပိုင်းက နော်ဒစ် နိုင်ငံတွေ ဖြစ်ကြတဲ့ နော်ဝေ၊ ဒိန်းမတ်နဲ့ ဆွီဒင် နိုင်ငံတွေ ဖြစ်ပါတယ်။

“စစ်အာဏာသိမ်းပြီး မြန်မာမီဒီယာ ၁၀နှစ်စာ ဆုတ်ယုတ် ” RSF အစီရင်ခံ
please wait

No media source currently available

0:00 0:01:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG