သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ပွဲမှာ အစ္စရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး


Jenin မြို့မှာတွေ့ရတဲ့ အစ္စရေးစစ်သားများ (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)
Jenin မြို့မှာတွေ့ရတဲ့ အစ္စရေးစစ်သားများ (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)

ဂါဇာမြောက်ပိုင်း ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကို ချေမှုန်းတဲ့ စစ်ဆင်ရေးအတွင်း တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့မှာ ကြေညာထားပါတယ်။ ဒါ့အပြင် ဂါဇာမှာရှိတဲ့ ပစ်မှတ် ၂၅၀ ကျော်ကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အောက်တိုဘာလတုန်းက ဟာမတ်စ်တွေရဲ့ တိုက်ခိုက်မှုမှာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့သူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဂါဇာမှာလုပ်တဲ့ စစ်ဆင်ရေးတွေအတွင်းမှာ အစ္စရေး တပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့တယ်လို့လည်း အစ္စရေးစစ်တပ်က ပြောထားပါသေးတယ်။ ဂါဇာကမ်းမြောင်က လူစည်ကားရာအရပ်အောက်မှာရှိတဲ့ မြေအောက်လှိုင်ခေါင်းတွေမှာ ဓားစာခံတွေကို ဖမ်းဆီးထားတာဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ ဒီဓားစာခံကယ်ဆယ်ရေး လုပ်ငန်းတွေဟာ ရှုတ်ထွေးနေပေမဲ့၊ ဓားစာခံ အားလုံးကို လွတ်မြောက်ရေး အစီအစဉ်ကတော့ အဟန့်အတား ဖြစ်စေမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

တကျော့ပြန်တိုက်ပွဲတွေ ဆက်ဖြစ်နေချိန်မှာ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း အရပ်သားတွေအပေါ် သက်ရောက်လာနိုင်တာတွေနဲ့ ပတ်သက်ပြီး သတိပေးချက်တွေလည်း ဆက်တိုက်ထွက်ပေါ်နေပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အကြီးအကဲ Filippo Grandi ကတော့ “အရပ်သားသေဆုံးမှုနဲ့ ထိခိုက်ခံစားရမှုတွေ ပိုများလာပြီး ဒေသတွင်းကို ခြိမ်းခြောက်နေတဲ့ နောက်ထပ် နေရာရွှေ့ပြောင်းမှုတွေကိုလည်း ဝမ်းနည်းစရာကောင်းလောက်အောင် တွေ့နေရပါတယ်” လို့ ဒီနေ့ပဲပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ကလည်း ဂါဇာကမ်းမြှောင်ဒေသမှာ အပစ်အခတ်တွေရပ်စဲပြီး လူသားချင်း စာနာမှုအကူအညီတွေပေးနိုင်ဖို့အတွက် တောင်းဆိုထားပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဟာမတ်စ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အစ္စရေးကို ထောက်ခံ အားပေးနေပေမဲ့လည်း အရပ်သားသေဆုံးမှု များလာတဲ့အပေါ် ပိုမို စိုးရိမ်လာတဲ့အတွက် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကို သမ္မတ Biden က သတိပေးပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG