သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Gaza မှာ Hamas တို့ရဲ့ မြေအောက်ဥမင်သစ်တွေ ကြောင့်တိုက်ပွဲအရှိန်မြှင့်ရတယ်လို့ အစ္စရေး အကြောင်းပြ


အစ္စရေးလ်ကပစ်လိုက်တဲ့ လက်နက်ကြောင့် ထိခိုက်ဒဏ်ရာနဲ့ဆေးရုံရောက်လာသူများ၊ ဒီဇင်ဘာ ၈၊ ၂၀၂၃။
အစ္စရေးလ်ကပစ်လိုက်တဲ့ လက်နက်ကြောင့် ထိခိုက်ဒဏ်ရာနဲ့ဆေးရုံရောက်လာသူများ၊ ဒီဇင်ဘာ ၈၊ ၂၀၂၃။

ဂါဇာကမ်းမြောင်မှာ လက်နက်တွေ သိုလှောင်ထားပြီး ဟာမတ်စ် အခြေစိုက်တဲ့ ဥမင်လိုဏ်ခေါင်း အသစ်တခုကို တွေ့ရှိခဲ့ကြောင်း အစ္စရေးက သောကြာနေ့မှာပြောပါတယ်။ သက်သေအထောက်အထား တွေအရ ဟာမတ်စ်အဖွဲ့ဟာ အရပ်ဘက်အခြေခံအဆောက်အအုံအောက်မှာ ကျယ်ပြန့်တဲ့ ကွန်ရက်တွေ ထားရှိပြီး စစ်ရေးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဂါဇာမှာရှိတဲ့ Al-Azhar တက္ကသိုလ်ဝန်း ထဲကနေ အနီးကကျောင်းတကျောင်းကို ဦးတည် ဖောက်ထားတယ် ဆိုတဲ့ ဥမင်လိုဏ်ခေါင်းရဲ့ ဗီဒီယို၊ ဒါမှမဟုတ် ဓာတ်ပုံအထောက်အထားကိုတော့ အစ္စရေးဘက်က ထုတ်မပြပါဘူး။ ဒါပေမယ့် တက္ကသိုလ်ကျောင်းဝင်းထဲမှာ တွေ့ရတယ် ဆိုပြီး စွပ်စွဲထားတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဒုံးပျံအစိတ်အပိုင်းတွေရဲ့ ဓာတ်ပုံတွေကိုတော့ ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာမြောက်ပိုင်းက ဆေးရုံတရုံအနီးမှာလည်း ကင်မရာ၊ ဖုန်း၊ စကားပြောစက်နဲ့ လက်နက်တွေပါရှိတဲ့ ဟာမတ်စ် အခြေစိုက်စခန်းကိုလည်း တွေ့ရှိခဲ့ကြောင်း အစ္စရေး စစ်တပ်ကပြောပါတယ်။ စစ်တပ်က ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံထဲမှာ မြေအောက်လမ်းကို သွားတဲ့ လှေကားတန်းလန်းနဲ့ အပေါက်တခုကိုလည်း မြင်ရပါတယ်။

ဒီဖော်ထုတ်တွေ့ရှိမှုတွေက အရပ်ဘက်နေရာတွေမှာ ဟာမတ်စ်ဟာ အမြစ်တွယ်နေတာကို ပြသနေ တယ်လို့ ဆိုပြီး တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်နေတာကို အစ္စရေးက ကာကွယ်ပြောဆိုခဲ့သလို အရပ်သားတွေကို အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုတွေ ပိုလုပ်ကြဖို့လည်း တောင်းဆိုပါတယ်။

တပြိုင်တည်းမှာပဲ “ဂါဇာကမ်းမြောင်ဒေသမှာ ဘေးကင်းလုံခြုံစိတ်ချရတဲ့ နေရာ မကျန်တော့ဘူး” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သောကြာနေ့မှာ ပြောပါတယ်။ “ဂါဇာက လူတွေဟာ ကြောက်မက်ဖွယ် ချောက်ကြီးထဲမှာ နေနေကြရတယ် ” လို့ ဂူတာရက်စ်က လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံကို သတိပေးခဲ့ပြီး “နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဒီ ဆိုးရွားတဲ့ အခြေအနေကို အဆုံးသတ်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ရမယ်” လို့ သတိပေးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG