သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ Shifa ဆေးရုံအောက် မြေအောက်လှိုင်းခေါင်းတွေ့လို့ အစ္စရေးစစ်တပ်ထုတ်ပြန်


အစ္စရေးစစ်တပ်ကထုတ်ပြထားတဲ့ ဂါဇာကမ်းမြောင်ဒေသက အယ်လ် ရှီဖာဆေးရုံမှာ ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်အဖွဲ့ သုံးထားတဲ့ လှိုဏ်ခေါင်းတခု။ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)
အစ္စရေးစစ်တပ်ကထုတ်ပြထားတဲ့ ဂါဇာကမ်းမြောင်ဒေသက အယ်လ် ရှီဖာဆေးရုံမှာ ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်အဖွဲ့ သုံးထားတဲ့ လှိုဏ်ခေါင်းတခု။ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)

ဂါဇာက ရှီဖာဆေးရုံအောက်မှာ မြေအောက်လှိုဏ်ခေါင်းတွေ့တယ်လို့ အစ္စရေး စစ်တပ် က တနင်္ဂနွေနေ့က ပြောပါတယ်။ ဆေးရုံရဲ့အောက် ၁၀ မီတာအနက်မှာ ၅၅ မီတာ ရှည်တဲ့ လှိုဏ်ခေါင်းကို အစ္စရေးတပ်တွေက တွေ့ရှိခဲ့တယ်လို့ ကြေညာချက် မှာ ပြောပါတယ်။

ဒီလှိုဏ်ခေါင်းရဲ့အဆုံးမှာ ပေါက်ကွဲဒဏ်ခံတံခါး ရှိနေတယ်လို့လည်း ကြေညာချက် မှာ ဆိုထားပါတယ်။ “အစ္စရေးတပ်ဖွဲ့တွေ သူတို့ရဲ့ အမိန့်ပေးစခန်းတွေနဲ့ မြေအောက် မှာ သိမ်းထားတဲ့ သူတို့ပိုင်ဆိုင်မှုတွေဆီ မဝင်နိုင်အောင် ဒီလို တံခါးမျိုးကို ဟားမတ်စ် အကြမ်းဖက်အဖွဲ့တွေ က အသုံးပြုကြတယ်” လို့ ကြေညာချက်မှာ ပြောပါတယ်။

ဒီ ကြေညာချက်နဲ့အတူ ကွန်ကရစ်အမိုးခုံးနဲ့ လမ်းတွေ ကို ပြထားတဲ့ လှိုဏ်ခေါင်း ဗွီဒီယိုကိုလည်း အစ္စရေးစစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။

အစ္စရေးက လေကြောင်း က တိုက်ခိုက်ရာမှာ ဂါဇာမှာရှိတဲ့ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ လုပ်ငန်းများဆိုင်ရာ ဌာန UNRWA ရဲ့ ကျောင်း ၂ ကျောင်း ကို ၂၄ နာရီအတွင်း ထိမှန်ခဲ့တဲ့အတွက် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်မိရပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အင်တိုနီယို ဂူတားရက်စ်က တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဂါဇာ ဟားမတ်စ်အစိုးရကလည်း အခုထိစစ်ပွဲမှာသေဆုံးသွားခဲ့တဲ့ ပါလက်စတိုင်း ၁၃,၀၀၀ ရှိသွားခဲ့ပြီး ၃ သောင်းကျော်ဒဏ်ရာရရှိခဲ့တယ် လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ သေဆုံးစာရင်းထဲမှာ ကလေး ၅,၅၀၀ ကျော် ပါဝင်သလို အမျိုးသမီး ၃,၅၀၀ ကျော်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဟားမတ်စ်တွေ ဖမ်းသွားတဲ့ ဓားစာခံ လွတ်‌မြောက်ရေး သ‌ဘောတူညီချက် က တိုးတက်မှု ရှိနေပြီး လက်တွေ့ ပြဿနာလေးတွေကို ‌ဖြေရှင်းရုံပဲကျန်တယ်လို့ ကြားဝင် ညှိနှိုင်းနေတဲ့ ကာတာ နိုင်ငံတာဝန်ရှိသူတွေ က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG