သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဆေးရုံကြီး တိုက်ခိုက်ခံရလို့ လူထောင်ချီထွက်ပြေး


FILE - Journalists observe as Palestinians inspect the rubble of a building after it was struck by an Israeli airstrike, in Gaza City, Oct. 8, 2023.
FILE - Journalists observe as Palestinians inspect the rubble of a building after it was struck by an Israeli airstrike, in Gaza City, Oct. 8, 2023.

ဂါဇာက အကြီးဆုံးဆေးရုံဖြစ်တဲ့ ရှီဖာဆေးရုံ ဝန်းထဲနဲ့ သားဖွားမီးယပ် ဌာန အဆောင်ကို သောကြာနေ့က အစ္စရေးဒုံးကျည်ထိပြီးနောက်မှာ ဆေးရုံမှာ ခိုလှုံနေကြတဲ့ ပါလက်စတိုင်းထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ရုပ်သံတွေနဲ့ သတင်းဌာနတွေက စိစစ်ထားတဲ့ ဗီဒီယိတွေမှာတော့ ပြင်ပလူနာဌာန အပြင်ဘက်မှာ ဖရိုဖရဲဖြစ်နေတဲ့ မြင်ကွင်းတွေကို တွေ့ရပါတယ်။

ဟားမတ်စ် ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြောဆိုချက်အရ အဲဒီဆေးရုံမှာ လူသောင်းနဲ့ချီ ခိုလှုံနေကြတယ်ဆိုပါတယ်။ အစ္စရေးဘက်ကတော့ ဟားမတ်စ်က ဆေးရုံတွေကို အကာအကွယ်ယူ ပုန်းအောင်းနေတယ်လို့ စွပ်စွဲပြီး ရှီဖာဆေးရုံ အောက်မှာ ဟားမတ်စ်ရဲ့ ကွပ်ကဲရေး စင်တာတခုရှိတယ်လို့ အကြောင်းပြပါတယ်။ ဒါကို ဟားမတ်စ်နဲ့ ဆေးရုံဝန်ထမ်းတွေက ငြင်းဆိုပါတယ်။

တချိန်တည်းမှာပဲ ဂါဇာမှာ အစ္စရေးဘက်က အသုံးပြုနေတဲ့ ပြင်းထန်တဲ့ ဖောက်ခွဲရေး လက်နက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲက သောကြာနေ့မှာ တောင်းဆိုပါတယ်။ ဒီဖျက်အားမြင့် လက်နက်တွေကြောင့် ပိတ်ဆို့ခံထားရတဲ့ ဂါဇာမှာ အရပ်သား၊ လက်နက်ကိုင် ခွဲခြားမှုမရှိဘဲ ထိခိုက်စေတယ်လို့ ဆိုပါတယ်။

အစ္စရေးစစ်တပ်စစ်ဆင်ရေးကြောင့် ဂါဇာမှာ ပါလက်စတိုင်းသေဆုံးသူဦးရေက အမျိုးသမီးနဲ့ ကလေးသူငယ် အများစု အပါအဝင် လူ ၁၀,၈၀၀ ကျော်သွားပြီလို့ ဟားမတ်စ် လက်အောက်ခံ ဂါဇာကျန်းမာရေးဝန်ကြီးဌာန ကပြောပါတယ်။ ဟားမတ်စ်ရဲ့ အရင်လက ကနဦးတိုက်ခိုက်မှုကြောင့်အစ္စရေးဘက်က အရပ်သားအများစုပါဝင်တဲ့ လူ ၁၄၀၀ ကျော်သေဆုံးခဲ့တာပါ။

တပြိုင်တည်းမှာပဲ သောကြာနေ့မှာ ဂျနီဗာမြို့က ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး Ibrahim Khraishi က ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့ ကျူးလွန်မှုတွေကို ယူကရိန်းအရေးမှာ ရုရှားရဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေနဲ့ နှိုင်းယှဥ် ပြီး အနောက်နိုင်ငံတွေရဲ့ မတူညီတဲ့ ရပ်တည်ချက်ကို ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ယူကရိန်းမှာ ခဏတာ ရေနဲ့လျှပ်စစ် ပြတ်တောက်သွားတုန်းက ရုရှားဘက်က အရပ်သားအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာအတွက် ဥရောပသမဂ္ဂ အကြီးအကဲက စစ်ရာဇ၀တ်မှုမြောက်တယ်လို့ ထွက်ပြောခဲ့တာကို ဥပမာပေးပြီး ဂါဇာကို ပိတ်ဆို့ ဖြတ်တောက်နေတာနဲ့ အောက်တိုဘာ ၁၁ ရက်ကတည်းက လျှပ်စစ်မီး ပြတ်တောက်ပြီး အရပ်သား တွေ ထိခိုက်နေတာနဲ့ ပတ်သက်လို့တော့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေက လေပြေထိုးပြီး အစ္စရေးရဲ့ ဟားမတ်စ် အပေါ် တိုက်ခိုက်ပိုင်ခွင့်ကို ခုခံကာကွယ်ပေးနေကြတယ်လို့ ပါလက်စတိုင်းသံအမတ်ကြီးက ဝေဖန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG