သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာဖြစ်နေတဲ့ပြဿနာ ဒေသတွင်းကို အလျင်အမြန်ကူးနိုင်

ဂါဇာကမ်းမြောင်ဒေသမှာ ပိတ်မိနေတဲ့ ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနိုင်ရေး ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ အစည်းအဝေးအတွင်းတွေ့ရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Martin Griffiths (နိုဝင်ဘာ ၉၊ ၂၀၂၃)

ဂါဇာဒေသမှာဖြစ်နေတဲ့ ပြဿနာဟာ ဒေသတွင်းကို တောမီးလို့ ပြန့်သွားနိုင်တယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးဆိုင်ရာအကြီးအကဲက သတိပေးလိုက်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ ပိတ်မိနေတဲ့ ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနိုင်ရေး ပြင်သစ်နိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ နိုင်ငံတကာ အစည်းအဝေးမှာ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်လည်းဖြစ် အရေးပေါ်အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူးလည်းဖြစ်သူ Martin Griffiths ကပြောကြားခဲ့တာဖြစ်ပါတယ်။

"စစ်ပွဲဆိုတာ ပျံ့နှံ့အောင်ကြိုးစားနေတဲ့ ဗိုင်းရပ်စ်ပိုးတခုဖြစ်ပြီး အခုဖြစ်နေတဲ့ ပဋိပက္ခကတော့ ဒေသတခုလုံးကို လောင်ကျွမ်းသွားစေနိုင်တဲ့ တောမီးဖြစ်ပါတယ်"လို့ ကုလသမဂ္ဂရဲ့ အကူအညီအပေးရေးဆိုင်ရာအကြီးအကဲကပြောကြားခဲ့တာဖြစ်ပါတယ်။ လုံခြုံပါတယ်လို့ဆိုနေတဲ့ နေရာတွေဆီ ပါလက်စတိုင်းတွေကို အတင်းသွားဖို့ တဖက်သတ်အဆိုပြုနေတဲ့ကိစ္စမှာလည်း ကုလသမဂ္ဂအနေနဲ့ မပါနိုင်ဘူးလို့ Martin Griffiths ကပြောခဲ့ပါတယ်။ ဘေးကင်းဇုံတွေလို့ပြောနေတဲ့ ဂါဇာတောင်ပိုင်းနေရာတွေဟာ အတုအယောင်လုံခြုံရေးဇုံတွေဖြစ်တယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF အကြီးအကဲကလည်း ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ပိတ်မိနေတဲ့ ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနိုင်ရေး ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ အစည်းအဝေးအတွင်းတွေ့ရတဲ့ နိုင်ငံတကာ ခေါင်းဆောင်များ (နိုဝင်ဘာ ၉၊ ၂၀၂၃)
ဂါဇာကမ်းမြောင်ဒေသမှာ ပိတ်မိနေတဲ့ ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနိုင်ရေး ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ အစည်းအဝေးအတွင်းတွေ့ရတဲ့ နိုင်ငံတကာ ခေါင်းဆောင်များ (နိုဝင်ဘာ ၉၊ ၂၀၂၃)

နိုင်ငံပေါင်း ၅၀ ကျော်က တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းက ကိုယ်စားလှယ်တွေတက်ရောက်ကြတဲ့ ပါရီညီလာခံမှာ ဂါဇာကမ်းမြောင်ဒေသမှာ ချက်ချင်းအပစ်အခတ်ရပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဂါဇာမှာ အခြေအနေတွေဟာ ပိုပိုဆိုးလာနေပြီး အရပ်သားတွေကို ကာကွယ်နိုင်ရေးကိစ္စကို ဘာနဲ့မှ အပေးအယူမလုပ်နိုင်ဘူးလို့ ပြင်သစ်သမ္မတ Emmanuel Macron က ပြောကြားခဲ့ပါတယ်။ လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့ ချက်ချင်း အပစ်ရပ်ဖို့ ပြင်သစ်သမ္မတက တောင်းဆိုသလို ရေရှည်အပစ်အခတ်ရပ်ဖို့ နိုင်ငံတွေကြိုးစားရမယ်လို့ ပြောကြားထားပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေး ၁၄၀၀ ထက်မနည်းသေဆုံးခဲ့တဲ့ တိုက်ခိုက်မှု ဟာမတ်စ်စစ်သွေးကြွတွေလုပ်ခဲ့တဲ့အပေါ် အစ္စရေးက လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသအပေါ် တိုက်ခိုက်နေပါတယ်။ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းမှာ နေသူတွေ တောင်ပိုင်းကို ဘေးလွတ်ရာသွားကြဖို့လည်း အစ္စရေးစစ်တပ်က ပြောထားပါတယ်။ ဒုက္ခရောက်နေတဲ့ ပါလက်စတိုင်းပြည်သူတွေကို ကူညီကာကွယ်ရေး ပြင်သစ်နိုင်ငံမှာ ညီလာခံကျင်းပနေချိန်မှာပဲ ပါလက်စတိုင်းဒေသတွေအပေါ် အစ္စရေးက တိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။

ဂါဇာမှာဖြစ်နေတဲ့ပြဿနာ ဒေသတွင်းကို အလျင်အမြန်ကူးနိုင်
please wait

No media source currently available

0:00 0:02:07 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG