သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ ဟားမတ်စ်ခေါင်းဆောင်နှစ်ဦး အီရန်မှာတွေ့ဆုံ


အီရန်ဘာသာရေးခေါင်းဆောင် အယာတို အလီခါမေနီ (ယာ) နဲ့ ပါလက်စတိုင်းဟားမတ်စ်စစ်သွေးကြွခေါင်းဆောင်တွေဖြစ်ကြတဲ့ အစ္စမေးလ် ဘာနီယေး(ဗဟို) နဲံ လက်ထောက် ဆာလိ အာရိုရီ (ဝဲ) တို့ အီရန်နိုင်ငံ တီဟီရန်မြို့မှာ တွေ့ဆုံစဥ်။ (ယခင်မှတ်တမ်းဓာတ်ပုံ- ဇွန် ၂၁၊ ၂၀၂၃)
အီရန်ဘာသာရေးခေါင်းဆောင် အယာတို အလီခါမေနီ (ယာ) နဲ့ ပါလက်စတိုင်းဟားမတ်စ်စစ်သွေးကြွခေါင်းဆောင်တွေဖြစ်ကြတဲ့ အစ္စမေးလ် ဘာနီယေး(ဗဟို) နဲံ လက်ထောက် ဆာလိ အာရိုရီ (ဝဲ) တို့ အီရန်နိုင်ငံ တီဟီရန်မြို့မှာ တွေ့ဆုံစဥ်။ (ယခင်မှတ်တမ်းဓာတ်ပုံ- ဇွန် ၂၁၊ ၂၀၂၃)

အီရန်နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ဟားမတ်စ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယေး (Ismail Haniyeh) နဲ့ တီဟီရန်မြို့မှာ တွေ့ဆုံခဲ့တယ်လို့ အီရန်နိုင်ငံတော်ပိုင် မီဒီယာတွေက တနင်္ဂနွေနေ့ က ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ပါလက်စတိုင်းအဖွဲ့တဖွဲ့ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက ကာတာနဲ့တူရကီမှာ သွားလိုက်လာလိုက်နေထိုင်နေတဲ့ ဟာနီယေး က ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းက နောက်ဆုံးဖြစ်ပေါ်တဲ့အခြေအနေနဲ့ ဂါဇာမှာ ဇီယွန်ဝါဒီတွေရဲ့ ရာဇဝတ်မှုတွေကို အလီခါမေနီကိုတင်ပြခဲ့ကြောင်း အီရန်နိုင်ငံတော်ပိုင်မီဒီယာက ပြောပါတယ်။

အီရန်က ဟားမတ်စ်ကို ထောက်ခံပေမဲ့ ပြီးခဲ့တဲ့လက အစ္စရေးကို ရုတ်တရက်တိုက်ခိုက်ခဲ့ရာမှာတော့ ဘယ်အခန်းကဏ္ဍကမှ မပါခဲ့ဘူးလို့ ဆိုပါတယ်။ ကြံ့ကြံ့ခံ မမှိတ်မသုန်စိတ်ဓာတ်နဲ့ ဂါဇာလူထုကို အယာတိုလာ ခါမေနီက ချီးကျူးပြောဆိုလိုက်ပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ထောက်ခံထားတဲ့ ဇီယွန်ဝါဒီ အစ္စရေးအစိုးရရဲ့ ရာဇဝတ်မှုတွေအတွက် အလွန့်ကို စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြခဲ့တယ်လို့ အီရန်နိုင်ငံတော်ပိုင် တီဗွီက ပြောပါတယ်။

အီရန် ဘာသာရေးခေါင်းဆောင်တွေက အစ္စရေးကို အသိအမှတ်ပြုဖို့ ငြင်းဆိုထားကြပြီး ဂါဇာ ကို ဆက်လက်တိုက်ခိုက်နေရင် ပြင်းထန်တဲ့အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်လို့ အစ္စရေးကို သတိပေးထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG