သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း Fatah နဲ့ Hamas တို့ ပြန်လည်သင့်မြတ်ရေး သဘောတူ


ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့နဲ့ ပြိုင်ဘက် ဖာတာအဖွဲ့တို့အကြား နိုင်ငံရေး ပြန်လည်သင့်မြတ်ရေးဆိုင်ရာ သဘောတူညီချက်တခု ရလိုက်ပြီလို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။

ဟားမတ်စ်ခေါင်းဆောင် Ismail Haniyeh ရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်တခုအရ သူ့အဆိုအားဖြင့် အီဂျစ်နိုင်ငံက စေတနာ အပြည့်နဲ့ ကမကထလုပ် စီစဉ်ပေးပြီး ကိုင်ရိုမြို့တော်မှာလုပ်တဲ့ နှစ်ရက်ကြာဆွေးနွေးပွဲအတွင်း နှစ်ဘက်အကြား သဘောတူူညီ ချက် ရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သဘောတူညီချက်ပါ အသေးစိတ်အချက်တွေကို နောက်ပိုင်းကျရင် ကိုင်ရိုမြို့တော်မှာ ထုတ်ပြန်ကြေညာမယ်လို့လဲ Haniyeh က ပြောပါတယ်။

အခုလို သဘောတူညီချက်ရသွားတဲ့ကိစ္စ ဖာတာအဖွဲ့ ပြောခွင့်ရတဦးကလဲ AFP သတင်းဌာနနဲ့ မေးမြန်းခန်းမှာ အတည်ပြု ပြောဆိုသွားပါတယ်။

သဘောတူညီချက်ထဲမှာ ဂါဇာကမ်းမြောင်ဒေသက Rafah နယ်စပ်ဖြတ်ကျော်ဂိတ် စီမံခန့်ခွဲရေးကို ညီညွတ်ရေးအစိုးရလက်ထဲ လွှဲပေးမယ့်အစီအစဉ်တခုလဲ ပါတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဒါ့အပြင် ဂါဇာဒေသကို ရဲတပ်ဖွဲ့ဝင် ၃ ထောင် လွှတ် မယ့်အအစီအစဉ်လဲ ပါဝင်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို ပါလက်စတိုင်းသမ္မတ Mahmoud Abbas ရဲ့ ဖာတာလှုပ်ရှားမှုရဲ့ ထိန်းချုပ်မှုအောက် ပြန်လွှဲပေးဖို့ ဟားမတ်စ်အဖွဲ့က ပြီးခဲ့တဲ့လမှာ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အခု သဘောတူညီချက် ရလိုက်ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG