သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ ရွေးကောက်ပွဲလုပ်မယ်လို့ Hamas ကြေညာ


 ဂါဇာကို အုပ်ချုပ်နေတဲ့ Hamas အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့
ဂါဇာကို အုပ်ချုပ်နေတဲ့ Hamas အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့

ဂါဇာကို အုပ်ချုပ်နေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့ Hamas က သူ့ရဲ့ အုပ်ချုပ်ရေး အဖွဲ့ကို ဖျက်သိမ်းပြီး အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပါတယ်။ Hamas နဲ့ သမ္မတ မာမွတ်အာဘတ်စ်ရဲ့ Fatab အဖွဲ့ကြား နိုင်ငံရေးနဲ့ ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုကို အဆုံးသတ်ရေး နည်းလမ်းတခုအဖြစ်လည်း ဒီဆုံးဖြတ်ချက်ကို ရှုမြင်ကြပါတယ်။

ဒီဆောင်ရွက်ချက်ကပြန်လည်ပေါင်းစည်းရေး အစိုးရ တရပ် ဖွဲ့စည်းနိုင်ရေး လမ်းဖွင့်လိုက်တာ ဖြစ်ပါတယ်။ဂါဇာကနေ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ကို Hamas တို့ တိုက်ထုတ်လိုက်တဲ့ ၂၀၀၇ ခုနှစ် ပြည်တွင်းစစ် ကာလ ကတည်းက ပါလက်စတိုင်း စင်ပြိုင် အစိုးရတွေကြား မပြေမလည် ဖြစ်နေတာပါ။

ဟာမတ်စ်နဲ့ ဖာတာ တို့က ကိုယ်စားလှယ်တွေ အီဂျစ် ထောက်လှမ်းရေး တာဝန်ရှိသူတွေနဲ့ ကိုင်ရိုမြို့တော်မှာ သီးခြားစီ ဆွေးနွေးခဲ့ကြပြီးနောက်မှာ ဒီဆုံးဖြတ်ချက် သတင်းထွက်လာတာပါ။ ဂါဇာဒေသကတော့ လျှပ်စစ်မီး မလုံလောက်မှု အပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG