သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hamas ကို အကြမ်းဖက်စာရင်းမှ ဖယ်ဖို့ ဥရောပတရားရုံးဆုံးဖြတ်


EU Flags
EU Flags

ပါလက်စတိုင်း စစ်သွေးကြွအုပ်စုဖြစ်တဲ့ Hamas ကို ဥရောပသမဂ္ဂရဲ့ အကြမ်းဖက်အုပ်စု စာရင်းကနေ ပယ်ဖျက်ဖို့ ဥရောပ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ သတင်းဌာနတွေနဲ့ အင်တာနက်ကနေရတဲ့ သတင်းအချက်အလက်တွေကြောင့် ဥရောပသမဂ္ဂ က Hamas တို့ိကို အဲဒီစာရင်းထဲ မှားယွင်းစွာ ထည့်သွင်းထားခဲ့တာလို့ ဆိုပါတယ်။

ဥရောပသမဂ္ဂဟာ၂၀၀၁ ခုနှစ်က နောက်ထပ် အဖွဲ့ ၁၂ ဖွဲ့နဲ့ လူပေါင်း ၂၉ ယောက်တို့ကို စာရင်းထဲ ထပ်ထည့်သွင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း လုပ်ပိုင်ခွင့်ရှိသူ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်အတည်ပြုချက် အရသာ အကြမ်းဖက်သမား စာရင်းမှာ ထည့်သွင်းနိုင်မှာ ဖြစ်တယ်လို့ ဥရောပ တရားရုံးက ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံတင်သွင်းဖို့ ခွင့်ပြုထားပါတယ်။

တရားရုံးကတော့ Hamas တွေကို အကြမ်းဖက် အုပ်စုအဖြစ် စာရင်းသွင်း ထားတာကြောင့် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို နောက်ထပ် ၃ လ သို့မဟုတ် အယူခံမှု အပြီးသတ် စစ်ဆေးပြီးချိန်အထိ ဆက်ပြီး ထိန်းချုပ်ထားမယ်လို့ ပြောပါတယ်။ ဒီဆုံးဖြတ်ချက်ကိုလည်း Hamas တို့ကို အကြမ်းဖက်သမားအဖြစ် ဟုတ်မဟုတ် ဆက်ပြီး စစ်ဆေးဖို့ လိုရင် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဆက်ပြီး ထိန်းချုပ်ထားနိုင်အောင် လုပ်ထားတာပါ။

တရားရုံး ထုတ်ပြန်ကြေငြာချက် ထဲမှာတော့ အခုဆုံးဖြတ်ချက်ဟာ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီၤး Hamas တို့ရဲ့ လုပ်ရပ်က အကြမ်းဖက် အုပ်စုရဲ့လုပ်ရပ် ဟုတ်မဟုတ် ဆန်းစစ်ခဲ့တာ မဟုတ်ဘူးလို့ အလေးအနက် ဖော်ပြထားပါတယ်။

XS
SM
MD
LG