ဂါဇာမှာနေထိုင်ခဲ့ကြတဲ့ အစ္စရေးတချို့ ပြန်လည်အခြေချဖို့ ဖြစ်နိုင်ပါ့မလား
၂၀၀၅ ခုနှစ်က ဂါဇာ ကမ်းမြှောင်ဒေသကနေ အစ္စရေးတွေ သူတို့ဖာသာသူတို့ ပြန်လည် ထွက်ခွာခဲ့တဲ့အချိန် မတိုင်ခင်အထိ ဂါဇာမှာ နေခဲ့ကြတဲ့ အစ္စရေးနိုင်ငံသားတွေ အခုနောက်တကြိမ် ဂါဇာမှာ ပြန်လည် အခြေချနေထိုင်ဖို့ ပြင်ဆင် နေကြပါတယ်။ ဒီလို ပြန်နေဖို့ အစ္စရေးအစိုးရက အားမပေးပေမဲ့လို့ လက်ရှိ အစ္စရေး−ဟားမတ်စ် စစ်ပွဲက သူတို့တချိန်က စွန့်ခွာခဲ့တဲ့ နေရာတွေမှာ ပြန်လည် အခြေချ နေထိုင်ဖို့အတွက် အခွင့်အလမ်းတခုအဖြစ် အစ္စရေး အများအပြားက မြင်ကြပါတယ်။ ဂျေရုစလင်မြို့ကနေ Yan Boechat ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။