သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်း လေးမြို့ထက်မနည်းကဒေသခံတွေ ထွက်ခွာဖို့ အစ္စရေးသတိပေး


အစ္စရေးစစ်တပ်က ထုတ်ထားတဲ့ ဂါဇာကို တိုက်ခိုက်သိမ်းယူနေတဲ့ အစ္စရေးစစ်သားများ။ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
အစ္စရေးစစ်တပ်က ထုတ်ထားတဲ့ ဂါဇာကို တိုက်ခိုက်သိမ်းယူနေတဲ့ အစ္စရေးစစ်သားများ။ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

ဂါဇာတောင်ပိုင်းမှာရှိတဲ့ မြို့လေးမြို့ထက်မနည်းကနေ ပါလက်စတိုင်းဒေသခံတွေ ထွက်ခွာကြဖို့ အစ္စရေးက အမိန့်ထုတ်ပါတယ်။ အဲဒီဒေသတွေမှာရှိတဲ့ ဟားမတ်စ် စစ်သွေးကြွတွေကို စစ်ဆင်ရေး တိုးချဲ့ဆောင်ရွက်မယ်ဆိုတဲ့ အရိပ်အယောင်ဖြစ်ပြီး အဲဒီဒေသက လူထုတွေ ဘေးကင်းလုံခြုံရေးအတွက် အခုလို ဆောင်ရွက်တာလို့ အစ္စရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဂါဇာတောင်ပိုင်း အဓိကကျတဲ့ မြို့တွေမှာ အစ္စရေးက တညလုံး လေကြောင်းကနေ သတိပေးစာရွက်တွေ ကြဲချပြီး အရပ်သားတွေ မြို့တွေကနေ ထွက်ခွာဖို့ သတိပေးနေတာပါ။ အဲဒီဒေသတွေမှာ ရှိတဲ့ ဒေသခံတွေကတော့ ညပိုင်းမှာ အစ္စရေးကနေ ကြီးကြီးမားမားလေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း ပြန်ပေးဆွဲခံရတဲ့ လူ ၂၄၀ ထဲက တဦးရဲ့ ရုပ်အလောင်းကို ဂါဇာမြို့ Shifa ဆေးရုံအနီးမှာတွေ့ရတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အသက် ၆၅ နှစ်အရွယ် သေဆုံးသူအဲဒီအမျိုးသမီးဟာ ကလေးငါးဦးမိခင်ဖြစ်ပြီး သူ့ခင်ပွန်းဖြစ်သူကတော့ သူတို့နေအိမ်မှာပဲ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။

မြောက်ပိုင်းက ဂါဇာမြို့မှာတော့ အစ္စရေးတပ်တွေဟာ Shifa ဆေးရုံမှာ ဆက်လက် ရှာဖွေနေပါတယ်။ ဟားမတ်စ်တို့ရဲ့ စစ်ကွပ်ကဲရေးဌာနရှိတယ်ဆိုပြီး အစ္စရေးက အဲဒီဆေးရုံကို ဗုဒ္ဓဟူးနေ့က ဝင်ရောက်စီးနင်းခဲ့တာပါ။ ဆေးရုံအတွင်းမှာ လက်နက်ပစ္စည်းတွေ တွေ့တယ်လို့ အစ္စရေးဘက်က ခင်းကျင်းပြပါတယ်။ ဟားမတ်စ်တို့ဘက်ကတော့ ဒါကို ငြင်းဆန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG