သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ လူသားချင်းစာနာ အပစ်ရပ်ကြဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း


ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres နယူးယောက်မြို့ ကုလရုံးချုပ်မှာ စကားပြောစဥ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres နယူးယောက်မြို့ ကုလရုံးချုပ်မှာ စကားပြောစဥ်။

ဂါဇာဟာ နေ့တိုင်း ရာချီတဲ့ ကလေးတွေအတွက် သင်္ချိုင်းမြေဖြစ်နေပြီး လူသားချင်းစာနာထောက်ထားရေး အပစ်အခတ်ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ် က တနင်္လာနေ့က အရေးပေါ် ပန်ကြားလိုက်ပါတယ်။

“ရှေ့သွားရမယ့်လမ်းက ရှင်းပါတယ်။ လူသားချင်းစာနာထောက်ထားရေး အပစ်အခတ်ရပ်စဲရေးပါ။ ခု ရပ်ရမှာပါ။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂမှာ သတင်းထောက်တွေ ကို ပြောပါတယ်။ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေအားလုံး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေကို လေးစားကြရမှာဖြစ်ပြီး ဘယ်အဖွဲ့ မှ ဥပဒေအထက် မှာ မရှိဘူး လို့ ကုလအတွင်းရေးမှူးချုပ်က ဆိုပါတယ်။

“ဒါရဲ့ အဓိပ္ပါယ်ကတော့ ဂါဇာမှာ ဖမ်းဆီးထားသူတွေကို ဘာအကြောင်းသတ်မှတ်ချက်ပေါ်မှာမှ အခြေမခံဘဲ လွှတ်ပေးဖို့ပါပဲ။” လို့ သူက ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟု ကတော့ ဖမ်းဆီးထားသူတွေအားလုံး လွှတ်မပေးဘဲ လူသားချင်းစာနာထောက်ထားမှု အပစ်အခတ် ရပ်စဲရေး မရှိ- လို့ ပြောထားတာပါ။

တနင်္လာနေ့ မှာ သေဆုံးသွားသူ ပါလက်စတိုင်း တစ်သောင်း ကျော်သွားပြီ လို့ ဟားမတ်စ် အုပ်ချုပ်တဲ့ ဂါဇာ ကျန်းမာရေးဌာနက ပြောပါတယ်။ ဂါဇာလူဦးရေ တခုလုံးအပြင် အနောက်ဘက်ကမ်းက ပါလက်စတိုင်း သန်းဝက် အပါအဝင် လူ ၂ သန်း၊ ၇ သိန်းကို ကူညီဖို့ အကူအညီ ဒေါ်လာ သန်းပေါင်း ၁,၂၀၀ ကို ကုလသမဂ္ဂက တနင်္လာနေ့ မှာ တောင်းခံလိုက်ပါတယ်။

တနင်္ဂနွေနေ့တုန်း က အီဂျစ်ကနေ ရာဖာ နယ်စပ်ကို ဖြတ်ဝင်ခွင့်ရတဲ့ အကူအညီပေးရေး ကုန်တင်ကား က ၂၅ စီးပဲ ရှိတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG