သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ဘေးသင့်သူတွေအတွက် ဝမ်းနည်းမှု ပုပ်ရဟန်းမင်းပြသ

Pope Francis leads the Angelus prayer at the Vatican
Pope Francis leads the Angelus prayer at the Vatican

ပုပ်ရဟန်းမင်းကြီးဟာ တိုင်းပြည်အသီးသီးက ကလေး ၇,၀၀၀ နဲ့ ဗာတီကန်မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ပြီး ဂါဇာ စစ်ဒဏ်သင့်ခံရသူတွေအတွက် အသံတိတ် ဝမ်းနည်းကြောင်း ပြသခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ကလေးတွေနဲ့ တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကလေးတွေမေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။ အသက် ၁၂ အရွယ်ရှိ ပါလက်စတိုင်းဖွါး ရာနီးယား (Rania) က ‘တတိယကမ္ဘာစစ်ဖြစ်ခဲ့ရင် ငြိမ်းချမ်းရေး ဘယ်တော့မှ ပြန်မလာတော့ဘူးလား’ လို့ ပုပ်ရဟန်းမင်းကြီးကို မေးတဲ့အခါ ခုလို ပြန်ဖြေခဲ့ပါတယ်။

“စစ်သာဖြစ်ခဲ့ရင် ... တဲ့လား။ စစ်က တကမ္ဘာလုံးမှာ ဖြစ်နေတယ်လေ။ ပါလက်စတိုင်းတင် မကဘူး။ တောင်အာဖရိက၊ ကွန်ဂို၊ မြန်မာ .. ကမ္ဘာ့နေရာတိုင်းလိုမှာ” လို့ ပုပ်ရဟန်းမင်းကြီး က ပြောပါတယ်။

“စစ်ပွဲအတွင်း ကလေးတွေသေရတာ အကျည်းတန်လှတယ်။ တရားမျှတမှု မရှိဘူး” လို့ ပြောပြီး စစ်ဒဏ်ခံလိုက်ကြရတဲ့သူတွေအတွက် ဝမ်းနည်းဖွယ် ဆိတ်ဆိတ်နေခဲ့ကြတာပါ။ ပုပ်ရဟန်းမင်းကြီးဟာ ဥရောပက ရဟူဒီ တရားဟောဆရာတွေနဲ့လည်းတွေ့ခဲ့ပြီး ဂျူးဆန့်ကျင်ရေး၊ စစ်နဲ့ အကြမ်းဖက်ဝါဒတွေကို ရေးသားထားတဲ့ မိန့်ခွန်းမှာ ရှုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ နေမကောင်းတာကြောင့်-လို့ ဆိုပြီး အဲဒီ မိန့်ခွန်းကို မဖတ်ဖြစ်ခဲ့ပါဘူး။ “ပရိသတ်နဲ့ တနေ့လုံး တွေ့ခဲ့ပြီး နည်းနည်းအအေးမိသွားတာကြောင့် လို့ ဗာတီကန် ပြောရေးဆိုခွင့်ရှိသူ မက်တီအို ဘရွန်နီ (Matteo Bruni) က ပြောပါတယ်။

ဂါဇာစစ်ဘေးသင့်သူတွေအတွက် ဝမ်းနည်းမှု ပုပ်ရဟန်းမင်းပြသ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG