သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟားမတ်စ်အပစ်ရပ်ပြီး ဓါးစာခံတွေလွှတ်ဖို့ ပုပ်ရဟန်းမင်း တိုက်တွန်း


Vatican Pope
Vatican Pope

အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲကြပြီး ဟားမတ်စ်က ဖမ်းဆီးထားတဲ့ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးက တနင်္ဂနွေနေ့က တောင်းဆိုလိုက်ပါတယ်။ ရုပ်မြင်သံကြားမေးမြန်းခန်းတခုမှာ ဗာတီကန်က ဘုန်းတော်ကြီး Father Ibrahim Faltas က ပြောဆိုခဲ့တာကို ပုပ်ရဟန်မင်းက ပြန်ပြီးရည်ညွှန်းပြောဆိုခဲ့တာပါ။

“ညီအစ်ကိုမောင်နှမများ စစ်ကို ရပ်ကြပါ။ စစ်ဆိုတာ အမြဲ အရှုံးချည်းပါ။” လို့လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်စ်က ဆက်ပြောပါတယ်။ “အထူးသဖြင့် ဂါဇာမှာ လူသားချင်းစာနာထောက်ထားရေးအတွက် နေရာ ရှိပါစေ။ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကိုလည်း ချက်ချင်း လွှတ်ကြပါ” လို့ ပုပ်ရဟန်းမင်းကြီး က ဆိုပါတယ်။

နော်ဝေးနိုင်ငံရဲ့ဝန်ကြီးချုပ်ကတော့ အောက်တိုဘာလ ၇ ရက် ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကို အစ္စရေး တုံ့ပြန်ပုံက အချိုးမညီပြင်းထန်လှတယ်လို့ တနင်္ဂနွေနေ့က ဝေဖန်လိုက်ပါတယ်။ ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး ၁,၄၀၀ သေဆုံးခဲ့ပြီး ၂၃၀ ကို ဖမ်းဆီးသွားကြောင်း အစ္စရေး တာဝန်ရှိသူတွေက ပြောပါတယ်။ လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဗုံးကြဲ တိုက်ခိုက်တာကြောင့် ဂါဇာမှာ ပါလက်စတိုင်း ၈,၀၀၀ ကျော် သေဆုံးခဲ့ပြီ-လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

“နိုင်ငံတကာ ဥပဒေတွေက “တုံ့ပြန်ရာမှာ အချိုးညီရမယ်” လို့ ဆိုပါတယ်။ အရပ်သားတွေ ထိခိုက်ဆုံးရှုံးနိုင်တာကို ထည့်သွင်းစဥ်းစားရမယ်လို့ ပြောပါတယ်။ လူသားချင်းစာနာထောက်ထားရေး ဥပဒေက ဒီ အပေါ်မှာ အလွန့်ကို ရှင်းရှင်း ပြောထားတာပါ။ အကန့်အသတ်ထက် အများကြီး ကျော်လွန်နေပြီ ထင်ပါတယ်-လို့ နော်ဝေးဝန်ကြီးချုပ် Jonas Gahr Store က အစိုးရပိုင် ရေဒီယို NRK ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG