သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး စစ်ရှိန်မြှင့်မှု ဂါဇာလူထု ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်


Explosions caused by Israeli airstrikes are visible in the northern Gaza Strip, Oct. 27, 2023.
Explosions caused by Israeli airstrikes are visible in the northern Gaza Strip, Oct. 27, 2023.

ဂါဇာကမ်းမြောင်မှာ မြေပြင်စစ်ဆင်ရေး တိုးချဲ့လုပ်လာနေပြီး ဝိုင်းရံပိတ်ဆို့ထားတဲ့ ပါလက်စတိုင်း ဒေသထဲ မြေပြင် တပ်တွေ လုံးလုံး ဝင်ရောက်ဖို့ နီးလာနေပြီလို့ အစ္စရေးစစ်တပ်က သောကြာနေ့က ပြောပါတယ်။ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာမှာ အင်တာနက်နဲ့ ဖုန်းဝန်ဆောင်မှု စနစ်တွေအားလုံး သောကြာနေ့က ပျက်စီးခဲ့ပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေပါတယ်။

ဂါဇာမှာ သောကြာညပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ပေါက်ကွဲသံတွေနဲ့ ဆူညံ နေပြီး လေကြောင်းတိုက်ခိုက်မှုအသစ်ကြောင့် နောက်ဆုံး အခြေအနေနဲ့ အသေအပျောက်စာရင်းကိုတော့ ဆက်သွယ်ရေး စနစ်ပြတ်တောက်နေလို့ ချက်ချင်းမသိရသေးပါဘူး။

လခြမ်းနီအဖွဲ့ရဲ့ ပြောဆိုချက်အရ သူတို့ရဲ့ ဆေးအဖွဲ့တွေနဲ့ အဆက်အသွယ် ပြတ်နေသလို ဒေသခံတွေ အနေနဲ့ အရေးပေါ်လူနာတင်ယာဉ်တွေကို ခေါ်ဆိုနိုင်ခြင်း မရှိတော့ဘူး ဆိုပါတယ်။ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကလည်း သူတို့ရဲ့ ဝန်ထမ်းအနည်းစုကိုသာ ဂြိုလ်တုဖုန်းတွေကို သုံးပြီး အဆက်အသွယ်ရနေတယ်လို့ဆိုပါတယ်။

အစ္စရေး-ဟားမတ်(စ်) စစ်ပွဲနဲ့ အာဆီယံ အခြေအနေ (သုတေသီတဦး သုံးသပ်ချက်)
please wait

No media source currently available

0:00 0:06:29 0:00

တဖက်မှာလည်း ဂါဇာနယ်စပ်တလျှောက်မှာ အစ္စရေး တပ်ဖွဲ့ဝင် ထောင်နဲ့ချီ အဆင်သင့် ချထားတာပါ။ ဟားမတ်စ်အဖွဲ့ရဲ့ အောက်တိုဘာ ၇ ရက်က အစ္စရေး အပေါ် တိုက်ခိုက်ခဲ့မှုကို လက်တုံ့ပြန်တဲအနေနဲ့ အစ္စရေးဘက်က ဂါဇာမှာ လေကြောင်း တိုက်ခိုက်နေသလို မြေပြင်ထိုးစစ်လည်း စတင်ဖို့ ပြင်ဆင်နေတာပါ။

အစ္စရေးဘက်ကတော့ တိုက်ခိုက်မှုတွေဟာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေနဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပေမယ့် စစ်သွေးကြွတွေက အရပ်သားတွေကြား လှုပ်ရှားနေလို့ အန္တရာယ်ဖြစ်စေတယ်လို့ ဆိုပါတယ်။ အစ္စရေး မြေပြင်တပ်ဖွဲ့ဝင်တွေဟာ ၂၄ နာရီအတွင်း ဒုတိယမြောက် နာရီနဲ့ချီ ကြာတဲ့ ဂါဇာကမ်းမြောင်ဒေသအတွင်း ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့ကြောင်ေလည်း သောကြာနေ့အစောပိုင်းက အစ္စရေး စစ်တပ်က ကြေညာခဲ့ပါတယ်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant ကလည်း မကြာမီ ဂါဇာကမ်းမြောင်ဒေသမှာ ရှည်လျားပြီး ခက်ခဲတဲ့ မြေပြင်ထိုးစစ်ဆင်နွှဲဖို့ ရှိကြောင်းနဲ့ ဟားမတ်စ်းရဲ့ ကြီးမားကျယ်ပြန့်တဲ့ ကွန်ရက်တွေကို ဖြိုဖျက်နိုင်ဖို့ အချိန်ယူရမယ်လို့ နိုင်ငံခြား သတင်းထောက်တွေကို ထုတ်ပြောထားပါတယ်။

အစ္စရေး စစ်ရှိန်မြှင့်မှု ဂါဇာလူထု ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG