သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ ဟားမတ်စ်စခန်းပေါင်း ရာနဲ့ချီ လေကြောင်း ကနေ အစ္စရေးတိုက်ခိုက်

ဂါဇာဒေသကနေ တက်လာတဲ့မီးခိုးလုံးများ၊ အောက်တိုဘာ ၂၉၊ ၂၀၂၃
ဂါဇာဒေသကနေ တက်လာတဲ့မီးခိုးလုံးများ၊ အောက်တိုဘာ ၂၉၊ ၂၀၂၃

ဂါဇာမှာ အစ္စရေး တပ်ဖွဲ့တွေ မြေပြင်ကနေစစ်ဆင်ရေး တိုးချဲ့လုပ်ဆောင်နေချိန်မှာပဲ လေကြောင်းကနေ လည်း ဟားမတ်စ်တွေရဲ့ အခြေစိုက်စခန်းဆိုတဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရာနဲ့ချီ ရှိနေ ကြောင်းအစ္စရေး စစ်တပ်ကဒီနေ့ပဲ ပြောပါတယ်။

ဂါဇာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ တရက် ကြာပြတ်တောက်ခဲ့ပြီးတဲ့နောက် ဒီနေ့မှာ တစိတ်တပိုင်း ပြန်လည်ပြုပြင်နိုင်ခဲ့တယ်လို့လည်း ဒေသတွင်း သတင်းတွေမှာ ဖေါ်ြပထားပါတယ်။

အစ္စရေးက ကျနော်တို့ကို သုတ်သင်ရှင်းလင်းဖို့ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်တောက်လိုက်တာကို ရပ်တန့်လိုက်နိုင်လို့ဂုဏ်ယူပါတယ်လို့ ဂါဇာမှာ နေထိုင်သူတဦးက ပြောပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ကတော့ ဂါဇာကမ်းမြှောင်ရှိ ဟားမတ်စ်တွေရဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ် ၄၅၀ ကျော်၊ စစ်ဆင်ရေးကွပ်ကဲမှုစင်တာတွေ၊ စောင့်ကြည့်ရေးစခန်းတွေနဲ့ တင့်ကားဒုံးကျည်ပစ်လွှတ်ရေးစခန်း တွေကိုလေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အစ္စရေး စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari ကတော့ ဂါဇာမှာ မြေပြင် လှုပ်ရှားမှုတွေနဲ့အတူ လေကြောင်းရောရေကြောင်းကနေပါ တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာမှာ အရွယ်မရောက်သေးသူ ၃,၃၄၂ ဦးအပါအဝင် ပါလက်စတိုင်း ၈,၀၀၅ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဂါဇာမှာ ဟားမတ်စ်စခန်းပေါင်း ရာနဲ့ချီ လေကြောင်း ကနေ အစ္စရေးတိုက်ခိုက်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG