သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ တိုက်ခိုက်မှုတွေ ရပ်ဖို့ ကုလနဲ့ အီးယူ အကြီးအကဲတွေ ထပ်မံ တိုက်တွန်း

Israel Palestinians
Israel Palestinians

အစ္စရေးနဲ့ ဟားမတ်စ်အကြား အကြမ်းဖက်တိုက်ခိုက်မှုတွေမြင့်တက်နေပြီး၊ သန်းနဲ့ချီတဲ့ပါလက်စတိုင်းအရပ်သားတွေ ဂါဇာဒေသမှာပိတ်မိနေတဲ့အတွက် အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ပြီး၊ အခြားနည်းလမ်းတွေရှာဖွေဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးကတိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်မှုတွေကိုရပ်တန့်ပြီး၊ လူတွေအစုလိုက်အပြုံလိုက်သေစေတဲ့နည်းမဟုတ်တဲ့၊ အခြားနည်းလမ်းတွေကို ကြိုးပမ်းရှာဖွေဖို့လိုအပ်တယ်လို့ လူ့အခွင့်အရေးမဟာမင်းကြီး Volker Turk က သောကြာနေ့တုန်းကကြေငြချက်ထုတ် ပြန်ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်ကအစ္စရေးကိုတိုက်ခိုက်ခဲ့တဲ့အတွက် လူ ၁၄၀၀ လောက်သေဆုံးပြီး၊ ၅ ထောင်ကျော်ဒဏ်ရာရခဲ့ပါတယ်။

အစ္စရေးက တန်ပြန်တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၇၇၀၀ ကျော်သေဆုံးပြီး၊ ၂ သောင်းနီးပါးလောက်ဒဏ်ရာရထားပါတယ်။ ဂါဇာဒေသမှာ လူပေါင်း ၂ ဒဿမ ၂ သန်းလောက်ဟာ အစုလိုက်အပြုံလိုက်ပြစ်ဒဏ်ပေးခံနေ၊ လူသားခြင်းဆိုင်ရာကပ်ဘေးကျရောက်နေတယ်လို့မဟာမင်းကြီး Volker Turk ကသတိပေးပြောဆိုပါတယ်။

တချိန်မှာဘဲဟားမတ်စ်ရဲ့ အရပ်သားတွေအပေါ်တိုက်ခိုက်တာကိုလည်း သူကပစ်တင်ရှုံ ချပါတယ်။ အခုလိုအချိန်မှာဘဲ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ Joseph Borrell ကလည်း ဂါဇာဒေသကို လူသားခြင်းစာနာမှုအထောက်အကူတွေပေးနိုင်ဖို့ခေတ္တအပစ်ရပ်ဖို့စနေနေ့မှာတောင်းဆိုလိုက်ပါတယ်။ ဂါဇာဒေသကို ဆေးဝါးနဲ့စားနပ်ရိက္ခာတင်ပို့မယ့်ကားတွေကိုဝင်ခွင့်ပေးမယ်လို့အစ္စရေးကစနေနေ့တုန်းကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG