သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ ကူညီပေးရေးအဖွဲ့တွေအတွက် ဆက်သွယ်ရေး Starlink ကူညီ 


ယူကရိန်းကို ရုရှားကျူးကျော်မှုမှာ အမေရိကန်နည်းပညာ ဘီလီယံနာ Elon Musk က ယူကရိန်းအတွက် လှူဒါန်းပေးထားတဲ့ Starlink ဂြိုလ်တုအခြေခံ အင်တာနက် ဘရော့ဒ်ဘန်းစနစ်ရဲ့ အင်တင်နာကို ခါကိဗ် ဒေသမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က မြင်တွေ့ရပုံ။
ယူကရိန်းကို ရုရှားကျူးကျော်မှုမှာ အမေရိကန်နည်းပညာ ဘီလီယံနာ Elon Musk က ယူကရိန်းအတွက် လှူဒါန်းပေးထားတဲ့ Starlink ဂြိုလ်တုအခြေခံ အင်တာနက် ဘရော့ဒ်ဘန်းစနစ်ရဲ့ အင်တင်နာကို ခါကိဗ် ဒေသမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က မြင်တွေ့ရပုံ။

SpaceX ကုမ္ပဏီအကြီးအကဲ ကမ္ဘာကျော် ဘီလီယံနာ သူဌေးကြီး Elon Musk က ဂါဇာဒေသမှာ အကူအညီပေးရေး လုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့အစည်းတွေရဲ့ ဆက်သွယ်ရေးအတွက် SpaceX ကုမ္ပဏီရဲ့ Starlink ဂြိုဟ်တုကနေ လုပ်ဆောင်ပေးသွားမယ်လို့ စနေနေ့တုန်းက ပြောဆိုလိုက်ပါတယ်။

စနေနေ့က ဂါဇာဒေသမှာ တယ်လီဖုန်းလိုင်းတွေနဲ့ အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေပြီး၊ ကမ္ဘာကြီးနဲ့ အဆက်သွယ်မရ ဖြစ်နေတာပါ။ အစ္စရေးက လေကြောင်းနဲ့ မြေပြင်က တိုက်ခိုက်မှုတွေ တိုးမြှင့်လာခဲ့ပြီးနောက် ဂါဇာမှာ ဆက်သွယ်ရေးတွေ ပြတ်တောက်နေတဲ့အတွက် မိသားစု ဆွေမျိုးတွေကို ဆက်သွယ်ဖို့ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် လူနာတင်ကားတွေကို ခေါ်ဖို့ ဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။

နိုင်ငံတကာ လူသားခြင်း စာနာမှု အဖွဲ့တွေကတော့ ဆက်သွယ်ရေး စနစ်တွေဟာ သောကြာနေ့ကတည်းက စပြီး ပြတ်တောက်နေတာလို့ ပြောပါတယ်။ ဒီလိုပြတ်တောက်သွားတဲ့အတွက်လည်း အသက်ကယ်ဆယ်ရေး လုပ်ငန်းတွေ ပိုမို ခက်ခဲသွားသလို မြေပြင်မှာ လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေနဲ့ ဆက်သွယ်ဖို့လည်း ပို ခက်ခဲသွားတယ်လို့ နိုင်ငံတကာ လူသားချင်းစာနာမှု အဖွဲ့တွေက ပြောပါတယ်။

Elon Musk ပိုင်ဆိုင်တဲ့ Starlink ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ၊ ရုရှားရဲ့ ယူကရိန်း စစ်ပွဲမှာလည်း ကလည်း ယူကရိန်းရဲ့ ဆက်သွယ်ရေးအတွက် အလားတူ ကူညီခဲ့ဖူးပါတယ်။

XS
SM
MD
LG