သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး ဂါဇာစစ်ဆင်ရေး နေ့စဉ်လေးနာရီကြာ ရပ်ဆိုင်းပေးမည်


ဂါဇာကနေ ထွက်ပြေးနေကြတဲ့ ပါလက်စတိုင်း စစ်ဘေးဒုက္ခသည်များ။ (နိုဝင်ဘာ ၉၊ ၂၀၂၃)
ဂါဇာကနေ ထွက်ပြေးနေကြတဲ့ ပါလက်စတိုင်း စစ်ဘေးဒုက္ခသည်များ။ (နိုဝင်ဘာ ၉၊ ၂၀၂၃)

အစ္စရေးဘက်က ဂါဇာမြောက်ပိုင်းဒေသ စစ်ဆင်ရေးတွေကို အခုကြာသပတေးနေ့ကစပြီး နေ့စဉ် လေးနာရီကြာ ရပ်ဆိုင်းထားပေးမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

အစ္စရေးတပ်တွေဟာ ဂါဇာမြို့မှာ ဟားမတ်စစ်သွေးကြွတွေကို စစ်ဆင်တိုက်ခိုက်နေတာကြောင့် ပါလက်စတိုင်းအရပ်သားအများအပြား အဲဒီဒေသကနေ စွန့်ခွာနေကြရတာပါ။ ဒီအချိန်မှာပဲ အစ္စရေးဘက်က တနေ့လေးနာရီ အပစ်ရပ်ထားမယ်လို့ အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ John Kirby က ပြောဆိုလိုက်တာပါ။ ဒီလို ခဏတာ အပစ်ရပ်ပေးလိုက်တာကြောင့် လူသားစာနာမှုလမ်းကြောင်းတွေကို သုံးပြီး ပါလက်စတိုင်းတွေ ရှောင်တိမ်းထွက်ခွာဖို့ အချိန်ရမှာဖြစ်တယ်လို့လည်း John Kirby က ပြောပါတယ်။

အမေရိကန်သမ္မတ Joe Biden နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyhahu တို့ကြား ဆွေးနွေးမှုကနေ အခုလို အချိန်တိုစစ်ရပ်စဲထားဖို့ ဖြစ်လာပြီး ဒီအချိန်အတွင်းမှာတော့ ဘယ်စစ်ဆင်ရေးမှ ရှိမှာမဟုတ်ဘူးလို့ အစ္စရေးဘက်က ပြောတဲ့အကြောင်းလည်း ပြောပါတယ်။ လူပေါင်း ၁,၄၀၀ ကျော်သေဆုံးခဲ့ရတဲ့ အောက်တိုဘာလ ၇ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်ပြီးတဲ့နောက် အစ္စရေးဘက်က ဟားမတ်စ်တွေကို ပစ်မှတ်ထား စစ်ဆင်ခဲ့တာပါ။

ဟားမတ်စ်တွေက လူ ၂၄၀ လောက်ကို ပြန်ပေးဆွဲဖမ်းဆီးထားပါတယ်။ အမေရိကန်၊ ဗြိတိန်၊ အီးယူအပါအဝင် အနောက်နိုင်ငံအတော်များများဟာ ဟားမတ်စ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြတာပါ။ အခုလို ယာယီအချိန်တို အပစ်ရပ်ထားမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေနဲ့ နိုင်ငံခြားသားတွေ ဘေးလွတ်ရာရှောင်တိမ်းနိုင်ခွင့်ရဖို့ မျှော်လင့်ထားကြောင်း အရှေ့အလယ်ပိုင်းဒေသ လူသားချင်းစာနာမှုဆိုင်ရာအမေရိကန်အထူးသံအမတ် David Satterfield က ပြောပါတယ်။

အစ္စရေး ဂါဇာစစ်ဆင်ရေး နေ့စဉ်လေးနာရီကြာ ရပ်ဆိုင်းပေးမည်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG